Wednesday, April 29, 2015

ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲအကြို ခြေစမ်းမည့် မြန်မာ ဟန်ဂေရီ





The Mirror Daily's photo.



သတင်းနှင့် ဓာတ်ပုံ - ရှိုင်းထက်ဇော်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်တို့၏ ညှိနှိုင်းဆောင်ရွက်မှုအရ မြန်မာ ယူ-၂ဝ အသင်းနှင့် ဟန်ဂေရီ ယူ-၂ဝ အသင်းတို့သည် ဧပြီ ၂၉ ရက် ညပိုင်းတွင် ဟန်ဂေရီနိုင်ငံ၌ ခြေစမ်းကစားမည်ဖြစ်သည်။

ယင်းနှစ်သင်းစလုံးမှာ နယူးဇီလန်၌ ကျင်းပမည့် ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ရရှိထားသည့် အသင်းဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ အားပြိုင်မှုတစ်ခု လည်းဖြစ်သည်။
မြန်မာ ယူ-၂ဝ အသင်းသည် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသောကြောင့် ပြင်ဆင်မှုများစွာ ပြုလုပ်လျက်ရှိပြီး ထိပ်တန်းအသင်းများနှင့် ခြေစမ်းနေခြင်းဖြစ်သည်။ မြန်မာယူ-၂ဝ အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အချိန်ခြောက်လကျော်ယူကာ ပြင်ဆင်နေခြင်း ဖြစ်သည်။

မြန်မာယူ-၂ဝ အသင်းသည် မတ်လ စတုတ္ထပတ်ကတည်းက ဥရောပနိုင်ငံများတွင် သွားရောက်လေ့ကျင့်နေခြင်းဖြစ်ပြီး ဆားဘီးယား၊ မက်ဆီဒိုးနီးယား၊ ဆလိုဗေးနီးယားနိုင်ငံတို့တွင် လေ့ကျင့်မှုများပြုလုပ်ပြီးနောက် နောက်ဆုံးနိုင်ငံအဖြစ် ဟန်ဂေရီနိုင်ငံသို့ရောက်ရှိနေခြင်းဖြစ်သည်။ မြန်မာယူ-၂ဝ အသင်းသည် ဆားဘီးယားနိုင်ငံတွင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိထားသည့် ဆားဘီးယား ယူ-၂ဝ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ရာ နှစ်ပွဲစလုံးဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။ မြန်မာယူ-၂ဝ အသင်းသည် ထပ်မံသွားရောက်ခဲ့သော မက်ဆီဒိုးနီးယား၊ ဂျာမနီနှင့် ဆလိုဗေးနီးယားနိုင်ငံတို့တွင် သက်ဆိုင်ရာ ပထမတန်းမှ စတုတ္ထတန်း ကလပ်အသင်းများနှင့်ခြေစမ်းပွဲများ ကစားထားသည်။

မြန်မာ ယူ-၂ဝ အသင်းသည် ဟန်ဂေရီအသင်းနှင့်ခြေစမ်းပွဲအပြီးတွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာမည် ဖြစ်သည်။မြန်မာယူ-၂ဝ အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည့် နယူးဇီလန်နိုင်ငံသို့ မသွားရောက်မီ သြစတြေးလျ နိုင်ငံတွင် သွားရောက်လေ့ကျင့်ဦးမည်ဖြစ်သည်။

No comments:

Post a Comment