Tuesday, April 28, 2015

ကလေးများစောင့်ရှောက်ခြင်းအလုပ်က အခက်ခဲဆုံးပါဟု မီဂန်ဖောက်စ်ရင်ဖွင့်


The Mirror Daily's photo.


မီဂန်ဖောက်စ်ဟာ အရင်ကဆိုရင် ဟောလိဝုဒ်မင်းသမီးတွေကြားမှာတောင် ပိုပြီးဟော့ရမ်းခဲ့တဲ့ အမျိုးသမီးဖြစ်ပါတယ်။ ဒါပေမယ့် အခုသားနှစ် ယောက်ဖြစ်တဲ့ နှစ်နှစ်နဲ့ခြောက်လအရွယ် နော့ရှ်နဲ့ တစ်နှစ်သား ဘော်ဂျီတို့ နှစ်ဦးကို စောင့်ရှောက်နေရတဲ့အတွက် သူ့မှာအားလပ်ချိန်မရှိဘဲဒီလို လုပ်နေ ရတာကဘဝမှာ အခက်ခဲဆုံးနဲ့ အပင်ပန်းဆုံးအလုပ်ဆိုပြီး ပြောကြားလာခဲ့ပါတယ်။ မင်းသမီးဟာ လက်ရှိမှာ အသက်(၂၈)နှစ်ရှိနေပြီဖြစ်ပြီး ဖော်မြူလာဝမ်းကားမောင်းသမားအော်စတင်ဂရင်းနဲ့ လက်ထပ်ထားသူဖြစ်ပါတယ်။ 

ဖောက်စ်က''ဘယ်သူမဆိုသားသမီးမရခင်က ကလေးဝေယျာဝစ္စတွေ ဟာ ဒီလောက်များတယ်ဆိုတာသဘောမပေါက်ခဲ့ဘူး။ အခုတော့ ကျွန်မရဲ့ အချိန်တွေဟာ ဒီသားနှစ်ယောက်အတွက်ပဲဖြစ်နေတယ်။ ဒါပေမယ့် ဒီလိုလုပ် ပေးနေရတာကိုပဲ ကြည်နူးနေမိပြီး ကျွန်မရဲ့သားနှစ်ယောက်က ကျွန်မ အတွက် ကမ္ဘာကြီးတစ်ခုလိုမျိုးဖြစ်နေခဲ့တယ်။ အရင်က ဘဝမှာလိုအပ်တာ တွေနဲ့ အခုလိုအပ်တာတွေခြားနားသွားပြီး သူတို့အတွက်ပဲ ဦးစားပေးနေမိ တယ်။ အခုဆိုနော့ရှ်က ဘော်ဂျီလေးကိုချစ်ခင်ရမယ်ဆိုတာသိနေပြီး တစ်ခါ တလေဘော်ဂျီလေး သက်သောင့်သက်သာရှိအောင် သူသိသလောက်နဲ့ စောင့်ရှောက်ပေးနေတတ်ပြီ။ သူတို့နှစ်ဦးစလုံးကို ဘက်ညီအောင်စောင့် ရှောက်ပေးရင်းနဲ့ မိခင်ဘဝရဲ့အဓိပ္ပာယ်ကို ကျွန်မကောင်းကောင်းသဘောပေါက် ခဲ့ပါပြီ''လို့ ရှင်းပြခဲ့ပါတယ်။

မီဂန်ဟာ ကလေးတွေနဲ့နေချိန်နည်းမှာစိုးတဲ့အတွက် တီဗွီကြည့်တာကို အင်မတန်နှစ်သက်တတ်တဲ့သူ့ရဲ့အကျင့်ကိုတောင် ဖျောက်ထားပြီး ကလေး တွေGrade-8 လောက်ရောက်တဲ့အထိ ကွန်ပျူတာတွေ၊ ဆဲလ်ဖုန်းတွေကို အသုံး မပြုဖြစ်အောင် စီမံဆောင်ရွက်သွားမယ်လို့ ဆိုခဲ့လေရဲ့။ ဒါက ဘာလို့လဲဆိုရင် ညစ်ညမ်းရုပ်ရှင်တွေ၊ ဗီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေဟာ ဒီပစ္စည်းတွေကို သုံးရင် အလွယ်တကူ ကြည့်လို့ရနေတဲ့အတွက် ကလေးတွေနဲ့ဘယ်လိုမှ မအပ်စပ်ဘူးလို့ သားနှစ်ယောက်အတွက်သူ့ရဲ့အနာဂတ်စိတ်ကူးကိုပါ ဖောက်သည်ချသွားပါတယ်။
(မေလဲ့သင်း)

No comments:

Post a Comment