Tuesday, April 28, 2015

မင်းသားကြီး ဗင်ဒီဇယ်Furious 8ရုံတင်မည့်ရက် ကြေညာ


The Mirror Daily's photo.

မင်းသားကြီး ဗင်ဒီဇယ်က လက်စ်ဗေးဂတ်စ် စင်းနီးမားကွန်းတွင် ဧပြီ ၂၃ ရက်က Furious 8 ဇာတ်ကားသစ်ထုတ်လွှင့်ပြသမည့်ရက်ကို ရုပ်ရှင်ရုံပိုင်ရှင်များ၊ ဂျာနယ်လစ်များ၊ ပွဲတာဝန်ခံများအား ကြေညာခဲ့သည်။

အဆိုပါ ရုပ်ရှင်ကို ၂ဝ၁၇ ခုနှစ် ဧပြီ ၁၄ ရက်တွက် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကာ Furious 7 သည် ကမ္ဘာတစ်ဝန်းဝင်ငွေ တစ်ဘီလီယံကျော် ရရှိထားသည်။

အလားတူ ယူနီဗာဆယ် စင်းနီးမားကွန်းတွင်လည်း Fifty Shades of Gray ဇာတ်လမ်းများ ပြသမည့်ရက်ကို ကြေညာခဲ့ရာ Fifty Shades Darker ကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်တွင်လည်း ကောင်း၊Fifty Shades Freedိ ကို ၂ဝ၁၈ ဖေဖော်ဝါရီ ၉ ရက်တွင်လည်းကောင်း ပြသသွားမည်ဖြစ်သည်။
(ခင်ခင်သက်)

No comments:

Post a Comment