Tuesday, April 28, 2015

ကိုရီးယားအနုပညာရှင်တွေအပေါ် သရုပ်ဆောင်ကောင်းပြည့်ရဲ့အမြင်




The Mirror Daily's photo.


ကမ္ဘာ့ရုပ်ရှင်ဆုပေးပွဲ အကောင်းဆုံးမင်းသားဆုရရှိသွားသည့် ကိုရီးယားမင်းသား လီဗြောင်ရှင်းသည်လာမည့် ဇူလိုင်လလယ်တွင် ၎င်း၏ပထမဦးဆုံး အာရှခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ပြီး ပြည်တွင်းအနုပညာရှင် မော်ဒယ်များနှင့်တွဲဖက်ကာ ကြော်ငြာသုံးခုခန့် ရိုက်ကူးမည်ဖြစ်ကြောင်း ရှေ့ပြေးသတင်းများအရသိရသည်။

ထိုကဲ့သို့အောင်မြင်နေသည့် နာမည်ကြီးကိုရီးယားအနုပညာရှင်များ မြန်မာပြည်သို့ လာရောက်၍ ကြော်ငြာရိုက်ကူးခြင်းနှင့်ပတ်သက်၍ သရုပ်ဆောင်ကောင်းပြည့်က ''အခုလို တစ်ကမ္ဘာလုံးက အသိ အမှတ်ပြုတဲ့ အနုပညာရှင်က လာရောက်ပြီး ကြော်ငြာရိုက်ကူးမယ်ဆိုတာ အလွန်ပဲကောင်းမွန်ပါ တယ်။ ဂုဏ်ယူစရာလည်းကောင်းပါတယ်။ တကယ်လို့ ကျွန်တော်သာ သူနဲ့ဆုံဖြစ်မယ်ဆိုရင် ကျွန်တော့်အနေနဲ့ သူတို့ရဲ့သရုပ်ဆောင်မှုအပိုင်းတွေ၊ ကင်မရာပိုင်းဆိုင်ရာအယူအဆတွေကို လေ့လာဖြစ်မှာပါ။

ကိုရီးယားအနုပညာရှင်တွေအပေါ် ကျွန်တော့်ရဲ့အမြင်က သူတို့ကသရုပ်ဆောင်မှု ပီပြင် ကြတယ်။ အလွန်ကောင်းတဲ့အတွက် ကျွန်တော်ကိုယ်တိုင်ကလည်းကြိုက်ပါတယ်။ ဒါပေမယ့် သူတို့ဆီကယောက်ျားလေးတွေက အလှအပကို ပြင်ဆင်တာများလွန်းတာ တွေ့ရတယ်။ ကျွန်တော့်အနေနဲ့ကတော့ ယောက်ျားလေးတွေဆိုရင် သန့်သန့်ပြန့်ပြန့်လေးနဲ့ တည်တည်တံ့တံ့ဖြစ်နေဖို့ပဲလိုတယ်လို့ ထင်မိတယ်။ ပြင်ဆင်တာများပြီး အမူအရာတွေက မိန်းကလေး ဆန်ပြီး နွဲ့တဲ့ပုံစံမျိုးဆိုရင်တော့ သိပ်မကြိုက်ဘူး'' ဟု ကောင်းပြည့်ကပြောသည်။

ဆက်လက်၍ ''ဒီလိုကိုရီးယားအနုပညာရှင်နဲ့ တွဲဖက်ပြီး ကြော်ငြာရိုက်ကူးဖြစ်မယ့် မော်ဒယ် တွေအနေနဲ့ အဓိကကျွန်တော်ပြောချင်တာက ရိုက်ကူးရေးလုပ်တဲ့အခါမှာ ကိုယ့်အလုပ်လည်း ကိုယ်လုပ်သလို သူတို့ရဲ့ပညာတွေကိုလည်း ဂရုစိုက်ပြီးလေ့လာစေချင်ပါတယ်။ ဒီလိုတွဲဖက်ပြီး လုပ်ရမယ် ဆိုရင် ကိုယ့်အနေနဲ့ပညာယူတတ်ဖို့ အရေးကြီးတယ်။ ရှုတင်မှာလည်း မသိလိုက် မသိဘာသာမနေဘဲ ကြိုးစားအားထုတ်ပြီး အမြဲသင်ယူနေသင့်ပါတယ်'' ဟု သူ့အမြင်ကိုပြောပြခဲ့သည်။
(စန္ဒာဝင်း)

No comments:

Post a Comment