Wednesday, April 1, 2015

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်း အတည်ပြုချက်လက်မှတ်ရေးထိုး



The Mirror Daily's photo.


နေပြည်တော် မတ် ၃၁

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉နာရီ ၁၀မိနစ်တွင် အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိရာ ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူ များက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူ ထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)၌ကျင်းပ လျက်ရှိသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား နှစ်ဖက်သဘောတူညှိနှိုင်း ပြုစုရေးဆွဲပြီးစီး ကြောင်းအတည်ပြုချက်အား လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC)၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT)တို့မှ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက် လာကြသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC)၊ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့(NCCT)တို့မှ အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတကပြောကြားရာတွင် ယခုကဲ့သို့ တိုင်းရင်း သားခေါင်းဆောင်များနှင့် စုံလင်စွာတွေ့ရသည့်အတွက် ၀မ်းသာပါကြောင်း၊ ပို၍၀မ်းသာဖွယ်ရာကောင်းသည်မှာ ယမန်နေ့ည MRTV သတင်းတွင် ပြောကြားခဲ့သည့် တိုင်းရင်းသားခေါင်းဆောင်များ၏ ၀မ်းသာဖွယ်ရာ ရင်တွင်းစကား များကို ကြားရသည့်အတွက်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးသည် ပြည်သူများ၏ လိုလားချက်၊ ဆန္ဒနှင့် မျှော်လင့်ချက်ပင် ဖြစ်ပါကြောင်း၊ မျှော်လင့်ချက်များနှင့် စောင့်စားနေကြသည့် ပြည်သူများ အတွက် ငြိမ်းချမ်းရေး ရရှိနိုင်ရန် ဆောင်ကြဉ်းပေးနိုင်သူများသည် ကျွန်တော်တို့အားလုံးပင် ဖြစ်ပါကြောင်း။

NCA စာချုပ်မူကြမ်းအား အကြိမ်ကြိမ်အခါခါ ဆွေးနွေးခဲ့ရပြီး ယမန်နေ့က သဘောတူညီချက်ရရှိပြီး ဖြစ်ကြောင်းနှင့် ယခု လက်မှတ်ထိုး နိုင်ကြပြီဖြစ် ပါကြောင်း၊ ယခုသဘောတူညီချက်သည် NCA လက်မှတ် ရေး ထိုးနိုင်ရေးအ တွက် တွန်းအားတစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု ဧပြီလအတွင်း NCA လက်မှတ်ရေးထိုးနိုင်ရေး ကျွန်တော်တို့ သေချာစွာ ဆောင်ရွက်နိုင်တော့ မည်ဖြစ်ပါကြောင်း။

NCA လက်မှတ်ရေးထိုးပြီးသည်နှင့် Political Dialog အတွက် တံခါးပေါက် ပွင့်သွားပြီဖြစ်ပါကြောင်း၊ ကြားကာလအတွင်း တွေ့ကြုံရမည့် အခက်အခဲနှင့် ပြဿနာများကို နှစ်ဖက်ညှိနှိုင်းကျော်လွှား သွားကြရမည် ဖြစ်ပါကြောင်း၊ ကျွန်တော်တို့အားလုံးသည် မြန်မာငြိမ်းချမ်းရေး၏ သမိုင်းကို ဖန်တီး ဖော်ဆောင်ပေးသူများဖြစ်သည့်အပြင် တည်ဆောက်ပေး သူများ အဖြစ်လည်း မြန်မာ့သမိုင်းတွင် မှတ်တမ်းတင်ကျန်ရှိခဲ့မည့်သူများ ဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်ချက်များသည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့်အောင်မြင်မှု၊ တစ်နည်း အားဖြင့် "ဒုတိယပင်လုံ၏ အောင်ပွဲ"အဖြစ် ပြောစမှတ်ပြုကြမည်ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၏ရှေ့မှောက်၌ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာ ချုပ်မူကြမ်းအား နှစ်ဖက်သဘောတူ ညှိနှိုင်းပြုစုရေးဆွဲပြီးစီးကြောင်း အတည်ပြုချက်အား ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)မှဦးအောင်မင်း၊ ဦးသိန်းဇော်၊ ကာကွယ်ရေးဦး စီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်တို့နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT)မှ ဦးနိုင်ဟံသာ၊ ပဒိုစောကွယ်ထူးဝင်း၊ ဗိုလ်ချုပ်ဂွမ်မော်၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့က လက်မှတ်ရေးထိုးကြပြီး အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် နိုင်ဟံသာတို့က အပြန်အလှန်လဲ လှယ်ကြပြီး အခမ်းအနားကိုရပ်နားလိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်း၍ မှတ်တမ်း တင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို ကော်မတီ၊ ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)တို့မှ အဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)၌ ခင်မင် ရင်းနှီးစွာ နေ့လယ်စာ အတူတကွ သုံးဆောင် ခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့မှ ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိသည်။
(သတင်းစဉ်)


No comments:

Post a Comment