Thursday, April 2, 2015

သုံးခွကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပံတပွတ်တံတားတည်ဆောက်







 နေပြည်တော် ဧပြီ ၁

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်သည် မတ် ၂၈ ရက်က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် သုံးခွကျွန်းဒေသဖွံ့ဖြိုးရေးအတွက် ပံတပွတ်တံတား တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက် နေသည့် မအူပင်ဘက်ကမ်းရှိ တည်ဆောက်ရေး လုပ်ငန်းခွင် လုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးသည်။
အဆိုပါ ပံတပွတ်တံတားသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက် လုပ်ရေးဝန်ကြီးဌာန တံတားဆောက်လုပ်ရေးအထူးအဖွဲ့ (၁၂)သို့ လုပ်ငန်းအပ်နှံဆောင်ရွက်နေသော အရှည် ပေ၇၂ဝ၊ အကျယ် ပေ ၃ဝ၊ ရေလမ်းကင်းလွတ်အကျယ် ပေ၂၂ဝ၊ ရေလမ်းကင်းလွတ်အမြင့် ပေ ၃ဝရှိ တံတား ဖြစ်ပြီး လမ်းအထူးအဖွဲ့ (၄)မှ အရှည် ၂၄၇၂ပေရှိ ချဉ်းကပ်လမ်းများအား ဖောက်လုပ်လျက်ရှိရာ ၅ဝ ရာခိုင်နှုန်း လုပ်ငန်းပြီးစီးနေပြီဖြစ်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မအူပင်မြို့ ရှေးဟောင်းမြို့ဦး ပေါ်တော်မူစေတီတော်မြတ်ကြီး မြစ်ရေတိုက်စားမှုမှ ကာကွယ်ရန်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မြို့ဦးပေါ်တော်မူစေတီတော်မြတ်ကြီး မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းသည် မြေဝင်ပေ ၆ဝရှိ ဘိုးပိုင် ၆၉ လုံးဖြင့် ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံ တမံ အလျား ၃ဝ၄ပေ၊Wing Wallမြေထိန်းနံရံ အလျား ၂၆၅ ပေ အား တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(၁ဝ၇)

No comments:

Post a Comment