Monday, March 2, 2015

YCDC ဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံးနေ့ (၁၈)ကျင်းပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား မြို့တော်ဂေါက်ကွင်း၌ကျင်းပ

'YCDC ဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံးနေ့ (၁၈)ကျင်းပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား မြို့တော်ဂေါက်ကွင်း၌ကျင်းပ

ရန်ကုန် မတ် ၁

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏    ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်က ကြီးမှူး၍ KBZ Bank  မှ အဓိက ကူညီပံ့ပိုးပေးသောYCDC CUP OPEN GOLF CHAMPION- SHIP 2015ဂေါက်သီးရိုက်ပြိုင်ပွဲ ၏နောက်ဆုံးနေ့  (၁၈) ကျင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ရန်ကုန် မြို့ အင်းစိန်မြို့နယ်ရှိ       မြို့တော်ဂေါက်ကွင်း(မြကန်သာ)၌ ဆက်လက်ကျင်းပသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို    (ငွေသော်တာ ဂေါက်ကွင်း)တွင်  ကျင်းပရာ  နေ့အလိုက်  အကောင်းဆုံးရိုက်ချက်ဆုများကို   မြန်မာပီဂျီအေအတွင်းရေးမှူး  ဦးချမ်းဟန်က ပေးအပ်ချီး မြှင့်သည်။
 
ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး   ကော်မတီကော်မတီဝင် (၅) ဦးစိုးစည်က စုစု ပေါင်း  ရိုက်ချက်၂၂ဝ  ချက်ဖြင့် တတိယရရှိသော   မင်းနိုင်စိုး၊  စုစုပေါင်းရိုက်ချက်  ၂၁၉  ချက်ဖြင့် ဒုတိယရရှိသော  မောင်မောင်ဦး၊ စုစုပေါင်းရိုက်ချက် ၂၁၈ ချက်ဖြင့် ပထမရရှိသွားသော  သိန်းနိုင်စိုးတို့အား ဆုများကိုပေးအပ်ချီးမြှင့်သည်။

 ဆက်လက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး     ကော်မတီအတွင်းရေးမှူး     ဦးကျော်စိုးက  Professional  အဆင့်တွင်  စုစုပေါင်းရိုက်ချက်  ၂၁၃  ချက်ဖြင့်  တတိယရရှိသော လှမျိုး  (Mizuno)  စုစုပေါင်းရိုက်ချက် ၂၁၂ ချက်ဖြင့် ဒုတိယရရှိသော စိုးကျော်နိုင် (HAN Golf Academy )   စုစုပေါင်းရိုက်ချက် ၂ဝ၄ ချက်ဖြင့် ပထမရရှိသော ဇော်ဇင်ဝင်း HAN  Golf  Aca- demy တို့အား ဆုများကို ပေးအပ်ချီးမြှင့်၍   ကမ္ဘောဇဘဏ်ကုမ္ပဏီများအုပ်စု     အမှုဆောင်ဒါရိုက်တာ ဦးဖုန်းမြင့်ရွှေက ပထမဆုရရှိသွားသော ဇော်ဇင်ဝင်း  HAN Golf Academy  အား ဆုကြေးငွေချက် လက်မှတ်ကိုပေးအပ်ချီးမြှင့်သည်။

 YCDC Cup Open Golf Championship 2015 ဂေါက်သီးရိုက်ပြိုင်ပွဲအောင်မြင်စွာ  ကျင်းပနိုင်ရေးအတွက်  KBZ Bank Ltd.  မှအဓိကကူညီပံ့ပိုးပေးပြီး  Event Management  အဖြစ်  HAN Event Management တို့မှ ထပ်မံပံ့ပိုးပေးကြောင်း သိရသည်။ 

ဖိုးသော်ဇင်'

ဖိုးသော်ဇင်

No comments:

Post a Comment