၂ဝ၁၅
ရာသီMNL အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၉)ကို မတ် ၆၊ ၇၊ ၈ ရက်များတွင်
ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။ ပွဲစဉ် (၉)တွင် အသင်းကြီးများ
ဖြစ်သည့် ဧရာဝတီနှင့် ကမ္ဘောဇ၊ ရန်ကုန်နှင့် ဇေယျာရွှေမြေ အသင်းတို့
ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။
ပွဲစဉ်(၉)အဖြစ် မတ် ၆ ရက်တွင်
အောင်ဆန်းကွင်း၌ ဇွဲကပင်နှင့် ရတနာပုံ၊ မတ် ၇ ရက်တွင် ကျောက် တိုင်ကွင်း၌
ဧရာဝတီနှင့် ကမ္ဘောဇ၊ သုဝဏ္ဏကွင်း၌ မနောမြေနှင့် မကွေး၊ မတ် ၈ ရက်တွင်
YUSC ကွင်း၌ ရန်ကုန်နှင့်
ဇေယျာရွှေမြေ၊ အောင်ဆန်းကွင်း၌ ဟံသာဝတီနှင့် ရခိုင်၊ ပေါင်းလောင်းကွင်း၌
နေပြည်တော်နှင့် ချင်းယူနိုက်တက် တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ပွဲစဉ်(၈)အပြီးတွင် ရန်ကုန်အသင်းက ရှစ်ပွဲကစား ၂၄ မှတ်ဖြင့်
ပွဲတိုင်းအနိုင် ရရှိကာ ထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိသည်။ ဧရာဝတီ အသင်းက
ခုနစ်ပွဲကစား ၁၉ မှတ်၊ မကွေးနှင့် ကမ္ဘောဇ အသင်းတို့က ရှစ်ပွဲကစား ၁၅
မှတ်စီ၊ လက်ရှိချန်ပီယံ ရတနာပုံအသင်းက ခုနစ်ပွဲကစား ၁၃ မှတ်၊ ချင်းယူနိုက်
တက်အသင်းက ခုနစ်ပွဲကစား ၁၁ မှတ်၊ ရခိုင်ယူနိုက်တက် အသင်းက ရှစ်ပွဲကစား
ခြောက်မှတ်၊ ဟံသာဝတီ၊
နေပြည်တော်နှင့် မနောမြေအသင်းတို့က ရှစ်ပွဲကစား ငါးမှတ်စီ၊ ဇေယျာရွှေမြေအသင်းက ခုနစ်ပွဲကစား ငါးမှတ်၊ ဇွဲကပင်အသင်းက ရှစ်ပွဲကစား လေးမှတ်ရရှိထားသည်။
နေပြည်တော်နှင့် မနောမြေအသင်းတို့က ရှစ်ပွဲကစား ငါးမှတ်စီ၊ ဇေယျာရွှေမြေအသင်းက ခုနစ်ပွဲကစား ငါးမှတ်၊ ဇွဲကပင်အသင်းက ရှစ်ပွဲကစား လေးမှတ်ရရှိထားသည်။
ရှစ်ပွဲဆက်အနိုင်ရရှိထားသည့် ရန်ကုန်အသင်းမှာ အိမ်ကွင်း၌ ဇေယျာရွှေမြေနှင့်
တွေ့ဆုံနေရာ နိုင်ပွဲဆက်မည့် အနေအထားပင်ဖြစ်သည်။ ရှုံးပွဲမရှိသေးသည့်
ဒုတိယ နေရာမှ ဧရာဝတီအသင်းမှာ ကမ္ဘောဇအသင်းနှင့် ပွဲကျပ် ကစားရမည်ဖြစ်ပြီး
ရတနာပုံအသင်းမှာ ဇယားအောက် ဆုံးမှ ဇွဲကပင်နှင့် တွေ့ဆုံနေသည်။
MNLစတင်မည်ဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ - ရှိုင်းထက်ဇော်
သတင်းနှင့်ဓာတ်ပုံ - ရှိုင်းထက်ဇော်
No comments:
Post a Comment