နေပြည်တော် မတ် ၎
ယနေ့သည် တပေါင်းလပြည့်နေ့ အခါသမယ ဖြစ်သည်နှင့်အညီ နေပြည်တော်ရှိ ဘုရား၊
ပုထိုးစေတီ တော်တို့၌ ဗုဒ္ဓပူဇနိယပွဲတော်များကို ကျင်းပလျက်ရှိရာ
ကုသိုလ်ပုညပြုကြ သူများဖြင့် အထူးစည်ကားလျက် ရှိသည်။
နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီ တော်၌ ညနေပိုင်းတွင် ဘုရားရှင် အားရည်မှန်း၍
ဥပ္ပါတသန္တိစေတီတော်အား ဆီမီးထွန်းညှိပူဇော်ခြင်း၊ နေပြည်တော်ရှိ
တပ်ရင်း၊ တပ်ဖွဲ့များမှ ဝတ်အသင်းအဖွဲ့များ၊ ဝန်ကြီးဌာန များမှ
ဝတ်အသင်းအဖွဲ့များက ဗုဒ္ဓဒေသနာတော်များ ရွတ်ဆိုပူဇော်ခြင်း၊ ဆွမ်း၊ သစ်သီး၊
ပန်း၊ ရေချမ်း ဆက်ကပ် လှူဒါန်းခြင် စသည်ဖြင့် ဒါန၊ သီလ
ကုသိုလ်ပြုကြသူများ၊ ဝိပဿနာ ဘာဝနာပွားများကြသူများနှင့် အထူး
စည်ကားလျက်ရှိသည်။
ထို့အတူ ဇမ္ဗူသီရိမြို့နယ် ဘောဂ သိဒ္ဓိရပ်ကွက် ဓာတုဇယဓာတ်ပေါင်းစု စေတီတော်နှင့် စေတီတော်ပရိဝုဏ်အတွင်းရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ သတ္တသတ္တာဟ စေတီတော်၊ ပျဉ်းမနားမြို့ရှိ သမိုင်းဝင်ဘုရားကိုးဆူစေတီ၊ ကိုးခန်းကြီးဘုရားနှင့် စေတီပုထိုးများတွင် သစ်သီး၊ ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ဆီမီး ကပ်လှူသူများ၊ ဒါန၊ သီလ၊ ဘာဝနာကုသိုလ် ပြုကြသူများ၊ မိသားစုဘုရားဖူးပြည်သူ များဖြင့် အထူးစည်ကားလျက်ရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment