မန္တလေး မတ် ၃
မန္တလေးတိုင်းဒေသကြီး အဝေး ပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်
ရေးလုပ်ငန်းကော်မတီ၏ ကော်မတီ အသစ် ရွေးချယ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၆
ရက်က အဆိုပါရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် သဘာပတိ ကော်မရှင်ဥက္ကဋ္ဌ ဦးဇော်ဝင်းနိုင်က အမှာစကားပြောကြားပြီး ကော်မရှင် ရုံးအဖွဲ့မှူးဌာနမှူး ဦးတင်ဝင်းမောင် က ရွေးချယ်ပုံ နည်းစနစ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရွေးချယ်ခံကော်မတီဝင်လောင်းများ က အမှုဆောင်ကော်မတီဝင် ခုနစ်ဦး ကို ဆန္ဒမဲပေး၍ရွေးချယ်ပြီး ကော်မတီ ဝင်ခုနစ်ဦးထဲမှ ဥက္ကဋ္ဌတစ်ဦး၊ အတွင်း ရေးမှူးတစ်ဦး၊ ဘဏ္ဍာရေးမှူးတစ်ဦး နှင့်ကော်မတီဝင် လေးဦးတို့ကို ရွေး ချယ်ကာ သဘာပတိ၏ အတည်ပြု ချက်ကို ရယူသည်။
ဆက်လက်၍ ရွေးချယ်ခံရသော အဝေးပြေးယာဉ်လုပ်ငန်းများ ကြီး ကြပ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ နှင့် အမှုဆောင်ကော်မတီဝင်အသစ် များက ရွေးကောက်ပွဲကော်မရှင် အဖွဲ့၏ ရှေ့မှောက်တွင် ကတိသစ္စာ ပြုကြပြီး ဥက္ကဋ္ဌအသစ်က ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။
တင်မောင်(မန္တလေး)

No comments:
Post a Comment