Monday, March 30, 2015

ငါန်းဇွန်မြို့နယ်၌ CP ပြောင်းနှင့် ကြက်ဆူ(အရိုင်း)များ မိုးမိ၍ဆုံးရှုံး




'ငါန်းဇွန်မြို့နယ်၌ CP ပြောင်းနှင့် ကြက်ဆူ(အရိုင်း)များ  မိုးမိ၍ဆုံးရှုံး
========================================

မြင်းမူ မတ် ၂၉ 

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရေလယ်သောင်(အရှေ့)ရွာ၌ အချိန်အခါမဟုတ် မိုး၊ လေကျရောက်ခြင်းကြောင့် စိုက်ပျိုးသူတောင်သူများအတွက် CP ပြောင်းနှင့် ကြက်ဆူ (အရိုင်း)များ၊ ပဲမျိုးစုံများ မိုးမိ၍ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း ယင်းဒေသမှ တောင်သူများက ပြောသည်။

''ကျွန်တော်တို့ CP ပြောင်းချိုးယူပြီးပြီ။ တချို့က မချိုးသေးဘူး တပေါင်းလထဲက သုံးတင်းဝင်အိတ်တစ်လုံးကို ကျပ် ၂ဝ၅ဝဝ နဲ့ ရောင်းခဲ့ရ တယ်။ အခု ကျပ်၂ဝ၂ဝဝ ပဲရှိတော့တယ်။ ကြက်ဆူကတော့ သုံးတင်းဝင်အိတ်တစ်လုံးကို ကျပ် ၃ဝဝဝဝ၊ ၃ဝ၅ဝဝ ရောင်းချရတယ်'' ဟု ကြက်ဆူနှင့် CP ပြောင်း စိုက်ပျိုးသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်  မတ် ၂၅ ရက် ညပိုင်းက ဆိုင်းမဆင့်ဗုံမဆင့် လေရောမိုးပါ ပါလာပြီး မိုးရွာသွန်းခဲ့မှုကြောင့် တောင်သူများ၏ တလင်းပြင်တွင်စုပုံထားသည့်ပဲမျိုးစုံ-CPပြောင်း၊ ကြက်ဆူစေ့များ မိုးမိကုန်၍ ပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရသည်။

''ပဲမျိုးစုံရိတ်သိမ်းစဉ်က လှည်းပေါ် ဖိသိပ်တင်လာခဲ့လို့ မိုးမိတဲ့အခါ ပဲတောင့်တွေက အက်ကွဲတဲ့အထဲ မိုးရေတွေ ဝင်ခဲ့ပါတယ်။ ပဲစေ့တွေက ပွတာ၊ ပဲစေ့အဖြူရောင်မှ အဝါရောင်၊ပဲစေ့အနီမှ အညိုရောင်ဘက်သန်းသွားပါတယ်။ CP ပြောင်းစေ့ ခြွေပြီးသားတွေလည်း အဝါရောင်မှ အပြာဘက် သန်းသွားပါတယ်။ မိုးမိသွားတဲ့အတွက် ရောင်းတဲ့အခါ ဈေးနှိမ်ခံရတော့မှာပါ'' ဟု စိုက်ပျိုးသူတစ်ဦးက ပြောသည်။      (၆၂၄)'


မြင်းမူ မတ် ၂၉ 

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရေလယ်သောင်(အရှေ့)ရွာ၌ အချိန်အခါမဟုတ် မိုး၊ လေကျရောက်ခြင်းကြောင့် စိုက်ပျိုးသူတောင်သူများအတွက် CP ပြောင်းနှင့် ကြက်ဆူ (အရိုင်း)များ၊ ပဲမျိုးစုံများ မိုးမိ၍ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း ယင်းဒေသမှ တောင်သူများက ပြောသည်။

''ကျွန်တော်တို့ CP ပြောင်းချိုးယူပြီးပြီ။ တချို့က မချိုးသေးဘူး တပေါင်းလထဲက သုံးတင်းဝင်အိတ်တစ်လုံးကို ကျပ် ၂ဝ၅ဝဝ နဲ့ ရောင်းခဲ့ရ တယ်။ အခု ကျပ်၂ဝ၂ဝဝ ပဲရှိတော့တယ်။ ကြက်ဆူကတော့ သုံးတင်းဝင်အိတ်တစ်လုံးကို ကျပ် ၃ဝဝဝဝ၊ ၃ဝ၅ဝဝ ရောင်းချရတယ်'' ဟု ကြက်ဆူနှင့် CP ပြောင်း စိုက်ပျိုးသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ် ၂၅ ရက် ညပိုင်းက ဆိုင်းမဆင့်ဗုံမဆင့် လေရောမိုးပါ ပါလာပြီး မိုးရွာသွန်းခဲ့မှုကြောင့် တောင်သူများ၏ တလင်းပြင်တွင်စုပုံထားသည့်ပဲမျိုးစုံ-CPပြောင်း၊ ကြက်ဆူစေ့များ မိုးမိကုန်၍ ပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရသည်။

''ပဲမျိုးစုံရိတ်သိမ်းစဉ်က လှည်းပေါ် ဖိသိပ်တင်လာခဲ့လို့ မိုးမိတဲ့အခါ ပဲတောင့်တွေက အက်ကွဲတဲ့အထဲ မိုးရေတွေ ဝင်ခဲ့ပါတယ်။ ပဲစေ့တွေက ပွတာ၊ ပဲစေ့အဖြူရောင်မှ အဝါရောင်၊ပဲစေ့အနီမှ အညိုရောင်ဘက်သန်းသွားပါတယ်။ CP ပြောင်းစေ့ ခြွေပြီးသားတွေလည်း အဝါရောင်မှ အပြာဘက် သန်းသွားပါတယ်။ မိုးမိသွားတဲ့အတွက် ရောင်းတဲ့အခါ ဈေးနှိမ်ခံရတော့မှာပါ'' ဟု စိုက်ပျိုးသူတစ်ဦးက ပြောသည်။ (၆၂၄)

No comments:

Post a Comment