Monday, March 30, 2015

အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းပေါ်တွင် ပက်လက်လန်တိမ်းမှောက်

'အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းပေါ်တွင်
ပက်လက်လန်တိမ်းမှောက်

နေပြည်တော်    မတ်   ၂၉

ပဲခူးတိုင်းဒေသကြီး   ရေတာရှည် မြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၈၄/၂-၃) ကြား တွင် မတ် ၂၈ ရက် နံနက် ၁ဝ နာရီ ခွဲက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည်။ 

ဖြစ်စဉ်မှာ နေပြည်တော်မှ ရန်ကုန် ဘက်သို့ ရခိုင်ပြည်နယ် စစ်တွေမြို့ ကန်တော်ကြီးရပ်နေ ထူးခန့်လွင်(၂၁)နှစ် မောင်းနှင်လာသောRLG\--- ပါဂျဲရိုးမီးခိုးရောင်ယာဉ်မှာ   အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိပြီး ပက်လက်လန်     တိမ်း မှောက်ခဲ့ကြောင်းသိရသည်။

 ထိုသို့   တိမ်းမှောက်မှုကြောင့်  ယာဉ်ပေါ်တွင် လိုက်ပါလာသူများ အနက် စစ်ကိုင်း တိုင်းဒေသကြီး    ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာ ဓမ္မာရုံကျောင်းတိုက်နေ     ဦးပညာ ဇောတ      သက်တော်(၆၆)နှစ်နှင့် ရွှေပန်းကုံးကျေးရွာနေ ဦးစိန်လှဝင်း (၃၇)နှစ်တို့တွင် ဒဏ်ရာများအသီး သီရရှိခဲ့သဖြင့်  ဆွာ တိုက်နယ်ဆေးရုံ သို့   ကူညီပို့ဆောင်ပေးခဲ့ပြီး   ယာဉ် မဆင်မခြင်မောင်းနှင်သူ ထူးခန့်လွင် အား သာဂရ အမြန်လမ်းမကြီးရဲစခန်း က   အမှုဖွင့်အရေးယူထားကြောင်း သိရသည်။               

(ရဲပြန်ကြား)'

(ရဲပြန်ကြား)

No comments:

Post a Comment