Monday, March 30, 2015

သင်္ကြန်ကာလအတွင်း မှုခင်းကင်းစင်ရန် လိင်စိတ်ကြွ ဆေးနှင့် မူးယစ်ဆေးရောင်းချမှု ရှိ၊ မရှိလိုက်လံစစ်ဆေး



'သင်္ကြန်ကာလအတွင်း မှုခင်းကင်းစင်ရန် လိင်စိတ်ကြွ 
ဆေးနှင့် မူးယစ်ဆေးရောင်းချမှု ရှိ၊ မရှိလိုက်လံစစ်ဆေး

သထုံ မတ် ၂၉

ယခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလအတွင်း မှုခင်းများကင်းစင်ပြီး အများပြည်သူ စိတ်အေးချမ်းမြေ့စွာ ရေကစားစေနိုင်ရန်အတွက် မတ် ၂၇ 
ရက်က သထုံမြို့နယ်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်း
အဖွဲ့တို့သည် သထုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင်  လိင်စိတ်ကြွဆေး
များနှင့် တရားမဝင်တားမြစ်မူးယစ်ဆေးဝါးများ ရောင်းချခြင်းရှိ-မရှိကို 
လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

''တပ်ဖွဲ့အနေနဲ့ သင်္ကြန်ကာလမှာအေးအေးချမ်းချမ်းဖြစ်ဖို့ မှုခင်းကြို
တင်ကာကွယ်ရေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်နေသလို မူးယစ်ဆေးနဲ့ လိင်စိတ်နိုးကြွစေတဲ့ ဆေးတွေ သုံးစွဲ၊ ရောင်းဝယ်ခြင်းမပြု
ကြဖို့ အသိပညာပေးဆွေးနွေးပွဲတွေကိုလည်း လိုက်လံဆောင်ရွက်နေပါ တယ်'' ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မင်းက ပြောသည်။ 

ယင်းသို့ ဆောင်ရွက်ရာတွင်သထုံမြို့ နယ် ရဲတပ်ဖွဲ့သည် သထုံမြို့မစခန်း၊ 
သု ဝဏ္ဏဝတီစခန်း၊ သုဓမ္မဝတီစခန်းတို့
မှ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ နယ်မြေအလိုက်ဆောင် ရွက်လျက်ရှိပြီး ရောင်းဝယ်၊ သုံးစွဲခြင်း များတွေ့ရှိပါက ထိရောက်စွာ အရေး ယူသွားမည်ဖြစ်သည်။  

 သက်ဦး(သထုံ)'

သထုံ မတ် ၂၉

ယခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလအတွင်း မှုခင်းများကင်းစင်ပြီး အများပြည်သူ စိတ်အေးချမ်းမြေ့စွာ ရေကစားစေနိုင်ရန်အတွက် မတ် ၂၇ရက်က သထုံမြို့နယ်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်း အဖွဲ့တို့သည် သထုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် လိင်စိတ်ကြွဆေး များနှင့် တရားမဝင်တားမြစ်မူးယစ်ဆေးဝါးများ ရောင်းချခြင်းရှိ-မရှိကို
လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

''တပ်ဖွဲ့အနေနဲ့ သင်္ကြန်ကာလမှာအေးအေးချမ်းချမ်းဖြစ်ဖို့ မှုခင်းကြို တင်ကာကွယ်ရေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်နေသလို မူးယစ်ဆေးနဲ့ လိင်စိတ်နိုးကြွစေတဲ့ ဆေးတွေ သုံးစွဲ၊ ရောင်းဝယ်ခြင်းမပြု ကြဖို့ အသိပညာပေးဆွေးနွေးပွဲတွေကိုလည်း လိုက်လံဆောင်ရွက်နေပါ တယ်'' ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မင်းက ပြောသည်။

ယင်းသို့ ဆောင်ရွက်ရာတွင်သထုံမြို့ နယ် ရဲတပ်ဖွဲ့သည် သထုံမြို့မစခန်း၊ သု ဝဏ္ဏဝတီစခန်း၊ သုဓမ္မဝတီစခန်းတို့ မှ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ နယ်မြေအလိုက်ဆောင် ရွက်လျက်ရှိပြီး ရောင်းဝယ်၊ သုံးစွဲခြင်း များတွေ့ရှိပါက ထိရောက်စွာ အရေး ယူသွားမည်ဖြစ်သည်။
သက်ဦး(သထုံ)

No comments:

Post a Comment