Wednesday, March 4, 2015

ဆိုလာမီးလင်းရေးဖွင့်ပွဲ ကျင်းပ



ကျောက်ပန်းတောင်း မတ် ၃

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်းတံတားတည်ဆောက် ခြင်းနှင့် ရေ၊ မီးရရှိရေးလုပ်ငန်းများကို နေရာဒေသအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ မတ် ၁ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသ ကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်ပြစ်ကျေးရွာတွင် ဆိုလာမီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို အဆိုပါကျေးရွာယာယီမဏ္ဍပ်၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းက အမှာ စကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ဝင်းက ကြက်ပြစ်ကျေးရွာ ဆိုလာမီးလင်းရေးဆိုင်ရာ အချက်အလက်များကို မီး လင်းရေးကော်မတီဥက္ကဋ္ဌထံ ပေးအပ်ပြီး ကျေးရွာပြည်သူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။ ယင်းနောက် ဆိုလာမီးလင်းရေးဆိုင်းဘုတ် ကို ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတိုင်းအေး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကြောင်း သိရသည်။ နေအောင်(iprd)

No comments:

Post a Comment