Wednesday, March 4, 2015

မန်ယူအတွက် ခြေစမ်းပြကစားနိုင်တော့မည့် ဒီမာရီယာ



ကောင်းမြတ်သူ-စုစည်းသည်

မန်ယူတိုက်စစ်မှူး ဒီမာရီယာ ဟာ ကွင်းအခြေအနေကြောင့် မကြာသေးမီက ရုန်းကန်ကြိုးစား နေရသော်လည်း ကောင်းမွန်စွာ ကစားနိုင်တော့မည် ဖြစ်ကြောင်း အသင်းခေါင်းဆောင် ရွန်းနေက ချီးကျူးလိုက်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းမှ ပေါင် ၅၉ ဒသမ ၇ သန်းနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး ဒီမာရီယာဟာ ရာသီအစမှာ အခက်အခဲများစွာ နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါ တယ်။ သို့ပေမယ့် ယခုအခါမှာတော့ မန်ယူရဲ့ကစားကွက်နဲ့ အံဝင်ခွင်ကျ ရှိလာပြီဖြစ်တဲ့အတွက် အကောင်း ဆုံး ကစားပေးနိုင်တော့မယ်လို့ ဆို ပါတယ်။ အာဂျင်တီးနား ကစား သမား ဒီမာရီယာဟာ စနေနေ့က ဆန်းဒါးလန်းကို မန်ယူက နှစ်ဂိုး ပြတ်နဲ့အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြ ကစားလာနိုင်ပြီလို့ ဆိုပါတယ်။ ''သူက နာမည်ကြီး တိုက်စစ်မှူးတစ်ဦး ပါ။ အိုးထရက်ဖို့ဒ်မှာ အကောင်းဆုံး ကစားနိုင်တော့မှာပါ''လို့ အသက် ၂၉ နှစ်ရှိ ရွန်းနေက ဆိုပါတယ်။ သူဟာ အကောင်းဆုံး ပြန်ကစားနိုင်တော့ မှာပါ။ အချို့ အစပွဲတွေမှာ ထူးခြား တဲ့ ခြေစွမ်းတွေ တွေ့ရမှာ ဖြစ်ပါ တယ်လို့လည်း ရွန်းနေက ဆိုပါတယ်။ ဒီမာရီယာ ဟာ ယခုနှစ် ပရီမီယာ လိဂ် ၁၉ ပွဲ ပါဝင်ကစားရာမှာ သုံးဂိုး သာ သွင်းယူပေးနိုင်ခဲ့ပါတယ်။

No comments:

Post a Comment