မော်လူး မတ် ၃
ရွှေဘို-မြစ်ကြီးနား မော်တော် ကားလမ်းမ ဖြတ်သန်းသွားရာ နန့်စီး အောင် -
ပေကုန်းကျေးရွာ အခြေခံ ပညာ အလယ်တန်းကျောင်းအနီးရှိ တံတားအမှတ် (၁၆၈ /၄) အား
ကြံ့ခိုင်မှုရှိစေရန် ပြုပြင်ခြင်းကို ဖေဖော်ဝါရီ ၂၆ ရက်က ဆောင်ရွက်
ခဲ့ကြောင်း သိရသည်။
အဆိုပါတံတားသည် ချဉ်းကပ် လမ်း မြေသားများပြိုကျနေခြင်း၊ တံတားကြမ်းခင်း ပျက်စီးနေခြင်း ကြောင့် ကြံ့ခိုင်မှုအားနည်းနေသဖြင့် ဖြတ်သန်း သွားလာလျက်ရှိသော မော်တော်ယာဉ်များ အန္တရာယ်နှင့် ကြုံတွေ့နိုင်သဖြင့် ဖြတ်သန်းသွားလာ မောင်းနှင်နေကြသည့် မော်တော် ယာဉ်များ ၊ မော်တော်ဆိုင်ကယ်များ၊ ခရီးသွားများအတွက် စောင့်ဆိုင်းစရာ မလိုဘဲ အဆင်ပြေစွာ မောင်းနှင် သွားလာနိုင်ရန် လမ်းလွှဲပြုလုပ်ပေး ကာ လမ်းအထူးစီမံကိန်းကြီးအဖွဲ့ (၁) မှ တံတားခေါင်း ဦးသာဓု ဦးဆောင် ကာ အလုပ်သမားများက ကြံ့ခိုင်မှု အားနည်းလျက်ရှိသည့် တံတား အား နေ့ချင်းပြီးပြုပြင်ခဲ့ရာ ညနေပိုင်း တွင် ဖြတ်သန်းသွားလာလျက်ရှိ သော မော်တော်ယာဉ်များ တံတား ပေါ်မှ အန္တရာယ်ကင်းစွာ သွားလာ မောင်းနှင်နေနိုင်ပြီဖြစ်ကြောင်း သိရ သည်။
ခင်မောင်ဆွေ(မော်လူး)

No comments:
Post a Comment