Monday, March 2, 2015

တစ်ရာသီ ဂိုးနှစ်ဆယ်သွင်းတဲ့ တိုက်စစ်မှူးတွေဘယ်မှာလဲ




ယခုနှစ်ရာသီမှာ မန်ယူအတွက် ဂိုးတွေများများစားစား သွင်းယူပေး တဲ့ တိုက်စစ်မှူးတွေမရှိဖြစ်နေ ပါတယ်။ တစ်ရာသီမှာ ဂိုးနှစ်ဆယ် သွင်းတဲ့တိုက်စစ်မှူး မရှိခဲ့ဘူးဆိုရင် မန်ယူရဲ့ ဖလားရရှိရေး ကြိုးပမ်းမှု ဟာလည်း အောင်မြင်မှာမဟုတ် ပါဘူးလို့ နည်းပြဗန်ဟားလ်က ပြောဆိုလိုက်ပါတယ်။
လက်ရှိအခြေအနေမှာ မန်ယူရဲ့ ဂိုးအများဆုံး သွင်းပေးနိုင်တယ် လို့ ပြောလို့ရတဲ့ဗန်ပါစီတောင် ၁ဝ ဂိုးပဲ သွင်းပေးထားပါတယ်။ ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာ နဲ့ အဂူရိုတို့ဟာ လက်ရှိအခြေအနေ မှာတော့ ၁၇ ဂိုးစီသွင်းယူပေးထား ကြပါတယ်။ ရာသီကုန်အထိ ဂိုး နှစ်ဆယ်ကျော်သွင်းမယ့် တိုက်စစ် မှူးတွေလို့ ဆိုရမှာဖြစ်ပါတယ်။
ဗန်ဟားလ်ရဲ့ မှတ်ချက်အပေါ် မန်ယူရဲ့ အဓိကတိုက်စစ်မှူးတွေ ဖြစ်တဲ့ ဗန်ပါစီ၊ ရွန်းနေ၊ ဖယ်ကာ အိုတို့ဟာ ငြင်းဆိုနိုင်ခြင်းမရှိကြ ပါဘူး။ ဒါဟာ အမှန်တရားပဲလို့ ဗန်ဟားလ်ကဆိုပါတယ်။ လက်ရှိ အခြေအနေမှာ အိုးထရက်ဖို့ဒ် နည်းပြဗန်ဟားလ်ဟာ တိုက်စစ်မှူး ရွန်းနေကို အလယ်တန်းကစားနိုင် မှု၊ ဖယ်ကာအိုကို ကန့်သတ်တဲ့ အခွင့်အလမ်းတွေသာ ပေးတဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိအချိန်မှာတော့ မန်ယူအတွက် ဂိုး ၂ဝ သွင်းပေးနိုင်တဲ့ တိုက်စစ်မှူး မရှိသေးဘူးလို့ ဗန်ဟားလ်က ပြောဆို လိုက်ပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment