Monday, March 2, 2015

ငါးမွေးတောင်သူများထံ တိုင်းရင်းငါးမျိုးများ ထောက်ပံ့




သနပ်ပင် မတ် ၁


မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဖေဖော် ဝါရီ ၂၈ ရက် နံနက်ပိုင်းက ပဲခူးခရိုင် သနပ်ပင်မြို့နယ် ထပ်ခနိမ်ကျေးရွာအုပ်စုရှိ လယ်ကြားကန်၊ မြောင်းများတွင် ငါးမျိုးများစိုက်ထည့်မွေးမြူရန်အတွက် တိုင်းရင်းငါးမျိုးများဖြစ်သည့် ငါးခူ၊ ငါးရံ့၊ ငါးပြေမ ငါးအမျိုး ကောင်ရေ ၂၂၅ဝဝ ကို ပဲခူးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးစိုး၊ တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးသက်ဦး၊ သနပ်ပင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ကျေးရွာနေ ငါးမွေးတောင်သူများထံ ငါးမျိုးများ ထောက်ပံ့ပေးပြီး လယ်ကြားကန်၊ မြောင်းများအတွင်း ငါးမျိုးများစိုက် ထည့်ပေးခဲ့ကြောင်း သိရသည်။
ရဲထွဋ်(မင်းရွာ)

No comments:

Post a Comment