Monday, March 2, 2015

စစ်ဖြစ်ပြီး ၁၂ နှစ်အကြာ အီရတ်ယဉ်ကျေးမှုပြတိုက်ပြန်ဖွင့်

'စစ်ဖြစ်ပြီး ၁၂ နှစ်အကြာ အီရတ်ယဉ်ကျေးမှုပြတိုက်ပြန်ဖွင့်

ဘဂ္ဂဒက်  မတ်  ၁

အီရတ်နိုင်ငံကို အမေရိကန်ဦးဆောင်၍ ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ၁၂ နှစ်အကြာ ဘဂ္ဂဒက်ရှိ အီရတ်အမျိုးသားပြတိုက်ကို တရားဝင်ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

စစ်ပွဲကာလအတွင်း လုယက်ဖျက်ဆီးခံရသော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများကို ယခုအခါ ပြန်လည်ပြသနိုင်ပြီဟုဆိုသည်။

အိုင်အက်စ်တို့က မိုဆူးလ်မြို့ကို ဖျက်ဆီးနေချိန် ဘဂ္ဂဒက်၌ တာဝန်ရှိသူများက အမျိုးသားယဉ်ကျေးမှုပြတိုက်ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

အိုင်အက်စ်တို့အား တုံ့ပြန်တိုက်ခိုက်သွားရန် သန္နိဋ္ဌာန်ချထားကြောင်း အီရတ်ဝန်ကြီးချုပ် အယ်လ်အဘာဒီကပြောသည်။

အကြမ်းဖက်သမားများသည် အီရတ်၏ရှေးဟောင်းအမွေအနှစ်ပစ္စည်းများကိုဖျက်ဆီးရန် ကြိုးစားနေကြသည်ဟုဆိုသည်။ အီရတ်ယဉ်ကျေးမှုအမွေအနှစ်များကို မည်သို့မည်ပုံကာကွယ်ရန်နှင့်ပတ်သက်၍ ဆွေးနွေးပွဲကိုပြုလုပ်ရန် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုက  ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တိုက်တွန်းဆော်သြထားသည်။ အီရတ်သမ္မတ ဆက်ဒမ်ဟူစိန်ဖယ်ရှားခံရစဉ် ရှေးဟောင်းပြတိုက်မှ ယဉ်ကျေးမှုပစ္စည်း ၁၅ဝဝဝ အခိုးခံရပြီး ယင်းတို့အနက် သုံးပုံတစ်ပုံနီးပါး ပြန်လည်ရရှိခဲ့သည်ဟု ဆိုသည်။

(ဘီဘီစီ)'

(ဘီဘီစီ)

No comments:

Post a Comment