ညောင်ဦး မတ် ၂၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး က ကြီးမှူးဖွင့်လှစ်သည် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းရေး သွင်းခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ် ၂၅ ရက် နံနက် ၉ နာရီက ညောင်ဦး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ သည်။
အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းမှာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ နောက်ဆုံး ပတ် (သို့မဟုတ်) နိုဝင်ဘာပထမပတ်အတွင်းကျင်းပမည့် အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်၊ မဲဆန္ဒရှင်စာရင်းများကို ကွန်ပျူတာ အတွင်းထည့်သွင်းရာ၌ လွယ်ကူလျင်မြန်စွာနှင့် စနစ်တကျထည့်သွင်းပြီး လိုအပ် သောအချက်အလက်များကိုလည်း လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်ရန်အတွက် သီးခြားကွန်ပျူတာနည်းစနစ်ပိုင်းဆိုင်ရာများကို သင်ကြားပေးရန်အတွက် ဖွင့် လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်း သားများမှာ ကွန်ပျူတာပညာရပ်ကို အခြေခံတတ်ကျွမ်းထားသောသူများဖြစ် ကြောင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာဖောင်ဒေးရှင်း IFES (International Foundation For Electoral System)က နည်းပညာများ သင်ကြားပေးခြင်းအပြင် ကွန်ပျူတာများလည်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်း တောင်းမြို့နယ်များမှ သင်တန်းသား ၃၃ ဦး တက်ရောက်သင်ကြားကြပြီး သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ရဲသူရအောင်(ညောင်ဦး)

No comments:
Post a Comment