ရန်ကုန် မတ် ၂
ရန်ကုန်မြို့တော် စ
ည်ပင်သာ ယာရေးကော်မတီ နယ်နိမိတ်အတွင်း အများပြည်သူများသွားလာမှုအဆင်ပြေချောမွေ့စေရေးနှင့် ယာဉ်ကြော ပိတ်ဆို့မှု လျော့နည်းစေရေးအတွက် ရည်ရွယ်ကာ ယာဉ်မရပ်နားရလမ်းများ သတ်မှတ်ထားသော်လည်း လိုက်နာမှု မရှိသော မော်တော်ယာဉ်များအား အရေးယူ ဆောင်ရွက်နေပြီဖြစ် ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့နှင့် တပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
''ရန်ကုန်မြို့ လူသွားလူလာ စည်ကားများပြားတဲ့ လမ်းတွေမှာ ၂ဝ၁၃ခုနှစ် နိုဝင်ဘာလကစပြီး ယာဉ်မရပ်ရလမ်းများအဖြစ် သတ် မှတ်ခဲ့ပါတယ်။ အစပိုင်းမှာ ပညာ ပေးအနေနဲ့ ဆောင်ရွက်ခဲ့ပေမယ့် အခုအခါမှာတော့ အရေးယူဆောင် ရွက်ခြင်းများ ပြုလုပ်လျက်ရှိပါတယ်''ဟု အဆိုပါ တာဝန်ရှိသူက ပြော သည်။
ယခုအခါ အများပြည်သူများ သွားလာမှုအဆင်ပြေစေရန် ရန်ကုန် မြို့တွင် ယာဉ်မရပ်နားရလမ်းများ ၉၅ လမ်းအထိ သတ်မှတ်ထားပြီဖြစ် ကြောင်း သိရသည်။ အများစုမှာ မြို့တွင်းလမ်းများနှင့် လူစည်ကားရာ ဈေးများ၊ ကျောင်းများအနီးပတ်ဝန်း ကျင်တို့၌ ဖြစ်သည်။
ယာဉ်မရပ်နားရလမ်းများ သတ် မှတ်ခဲ့ပြီးနောက် အချို့မှာ စည်းကမ်း လိုက်နာမှုမရှိသဖြင့် အရေးယူဆောင် ရွက်ခဲ့ရာ၂ဝ၁၃ခုနှစ်မှ ယခု ဖေဖော် ဝါရီလကုန်အထိ မော်တော်ယာဉ် စီးရေ ၁၈၅ဝဝ ကျော်ကို မော်တော် ယာဉ် ဥပဒေအရ အရေးယူဆောင် ရွက်ခဲ့ရကြောင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး စာရင်း ဇယားများ၌ ဖော်ပြသည်။
သို့ရာတွင် လမ်းတိုများ၌ပင် လမ်းဘေးဝဲယာနှစ်ဖက် မော်တော် ယာဉ်များ စည်းကမ်းမဲ့စွာ အပြိုင်ရပ် နားထားကြသဖြင့် ယာဉ်ကြောကျဉ်း မြောင်းကာ ပိတ်ဆို့မှုများဖြစ်ပွားနေ သည့်အပြင် ယာဉ်မတော်တဆမှုများ ပါဖြစ်ပွားလျက်ရှိသည်။ လမ်းတိုများ အတွင်း အိမ်ရှေ့၊ ဈေးဆိုင်ရှေ့တို့၌ မော်တော်ယာဉ်များကို စည်းကမ်း မဲ့စွာ အပြိုင်ရပ်နားထားကြသဖြင့် လမ်းသွားလမ်းလာများ သွားစရာလမ်း မရှိအောင် ပိတ်ဆို့မှုများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
သတင်း-ကြံတိုင်းအောင်
ဓာတ်ပုံ-သက္က

No comments:
Post a Comment