Tuesday, March 3, 2015

ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်းကျေးရွာ ဆိုလာမီးလင်းရေးဖွင့်




နေပြည်တော် မတ် ၂

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်းကျေးရွာအုပ်စု ရွှေခဲအင်း ကျေးရွာ ရွာလုံးကျွတ် ဆိုလာလျှပ်စစ် မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၆ နာရီ က အဆိုပါကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးစောလှ က အမှာစကားပြောကြားသည်။

အခမ်းအနားတွင် ဒက္ခိဏ သီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီ ညီက ဆိုလာလျှပ်စစ်မီးလင်းရေး လုပ်ငန်းနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယတိုင်းလျှပ်စစ်အင်ဂျင်နီယာ ချုပ် ဦးသန်းထွန်းအောင်က ဆိုလာ လျှပ်စစ်မီး ဆောင်ရွက်ထားရှိမှုများ နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်း လင်းတင်ပြကြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေး မှူး ဦးညီညီက ဆိုလာလျှပ်စစ်မီး လင်းရေးနှင့် ပတ်သက်သည့် အချက် အလက်များကို ကျေးရွာအုပ်ချုပ်ရေး မှူး ဦးဇော်လေးထံ လွှဲပြောင်းပေးအပ် သည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဝင် ဦးစောလှ၊ ဒုတိယတိုင်း လျှပ်စစ်အင်ဂျင်နီယာချုပ် ဦးသန်း ထွန်းအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေးနှင့် ဦးမှတ်ကြီးတို့က ဆိုလာလျှပ်စစ် မီးလင်းရေး စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ၏ ဖြည့်စွက်ရန် ပုံငွေဖြင့် ရွာလုံးကျွတ် ဆိုလာလျှပ်စစ် မီးလင်းရေး ဆောင်ရွက်ပေးခဲ့သဖြင့် ရွှေခဲအင်းကျေးရွာရှိ အိမ်ခြေ ၄၃၅ အိမ် လျှပ်စစ်မီးလင်းခဲ့မှုကြောင့် ဒေသခံပြည်သူများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာပြီး ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်း များ အဆင်ပြေချောမွေ့လာမည်ဖြစ် ကြောင်း သိရသည်။
မင်းမင်းလတ်(မန်းတက္ကသိုလ်)

No comments:

Post a Comment