Tuesday, March 3, 2015

ဘင်တန်ဝိတ်တန်းချန်ပီယံဘွဲ့ကို အလဲထိုးကာကွယ်လိုက်တဲ့ ဖရန်တန်



ကောင်းမြတ်သူ-စုစည်းသည်

မြောက်အိုင်ယာလန် နိုင်ငံသား ကားလ် ဖရန်တန်ဟာ IBF စူပါဘင် တန် ဝိန်တန်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ တစ်ဦးပါ။သူဟာစိန်ခေါ်လာသူ အမေ ရိကန်လက်ဝှေ့သမား ခရစ်အဗာ လော့စ်ကို ဘဲလ်ဖက်မြို့မှာ ငါးချီနဲ့ အလဲထိုးပြီး ချန်ပီယံဘွဲ့ကို ကာကွယ် ထိုးသတ်နိုင်ခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိတဲ့ ကားလ်ဖရန်တန်ဟာ အစောပိုင်း အချီတွေကတည်းက အသာစီးနဲ့ ထိုးသတ်နိုင်ခဲ့ပါတယ်။ သို့သော်လည်း တစ်ခါတစ်ရံမှာတော့ စိန်ခေါ်သူ အဗာလော့စ်ရဲ့ ထိုးချက် တွေကို အလူးအလဲ လှိမ့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ သို့သော်လည်း ငါးချီ မြောက်ပွဲအစမှာတော့ ဖရန်တန်က အဗာလော့စ်ရဲ့ မျက်နှာကို ညာလက် သီးတစ်လုံး ပစ်သွင်းလိုက်ချိန်မှာတော့ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ပါတယ်။ စိန်ခေါ်သူ အဗာလော့စ်ဟာ ဆက် လက်ထိုးသတ်နိုင်ခြင်း မရှိတော့တဲ့ အတွက် ဒိုင်လူကြီးက ပြိုင်ပွဲကို ရပ် နားကာ ဖရန်တန်ကို အနိုင်ပေးလိုက် ရပါတယ်။ ဖရန်တန်ဟာ IBF ချန် ပီယံဘွဲ့ကို ပြီးခဲ့တဲ့ စက်တင်ဘာလ က ဘဲလ်ဖက်မြို့မှာပဲ စပိန်လက်ဝှေ့ သမား ကင်ကိုမာတီနက်ဇ်ကို အမှတ် နဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။
ဖရန်တန်ဟာ လက်ရှိအနေ အထားမှာတော့ သူရဲ့လက်ဝှေ့ ကစားသမား သက်တမ်းတစ်လျှောက် ရှုံးပွဲမရှိသေးတဲ့ လက်ဝှေ့သမား ဖြစ်တယ်လို့ ဆိုပါတယ်။

No comments:

Post a Comment