Sunday, March 1, 2015

အီရတ်လူနည်းစုများ အိုင်အက်စ်များကြောင့် မျိုးပြုတ်မည့် အန္တရာယ်ကိုရင်ဆိုင်နေရ

'အီရတ်လူနည်းစုများ အိုင်အက်စ်များကြောင့် မျိုးပြုတ်မည့် အန္တရာယ်ကိုရင်ဆိုင်နေရ

ဘဂ္ဂဒက်   ဖေဖော်ဝါရီ   ၂၈

အိုင်အက်စ်စစ်သွေးကြွများသည် အီရတ်လူနည်းစုအုပ်စုများကို နိုင်ငံ၏အဓိကနေထိုင်ရာနေရာများမှ   ဖယ်ရှားပစ်ရန်ကြိုးစားနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များက သတိပေးခဲ့သည်။

အသေးစိတ်ဖော်ပြချက်တစ်ခုတွင်အကျဉ်းနည်းဖြင့်    ကွပ်မျက်ခြင်း၊အတင်းအကျပ်ဘာသာပြောင်းခိုင်းခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့်ညှဉ်းပန်းနှိပ်စက်ခြင်းများကို အဆိုပါ အီရတ်လူနည်းစုက   ခံစားခဲ့ရကြောင်း ဖော်ပြပါရှိသည်။အဆိုပါရက်စက်ယုတ်မာမှုများသည်   စစ်ရာဇဝတ်မှုနှင့်တူညီပြီး   အချို့ဖြစ်ရပ်များတွင်  လူမျိုးသုဉ်းသတ်ဖြတ်ခြင်းများလည်း ပါဝင်သည်။

အီရတ်လူနည်းစုများသည် မျိုးပြုတ်မည့်အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း နိုင်ငံတကာဥပဒေနှင့်   လူ့အခွင့်အရေးအဖွဲ့က   ပြောခဲ့သည်။ အိုင်အက်စ်စစ်သွေးကြွများသည် လူနည်းစုဖြစ်သည့် အီရတ်ခရစ်ယာန်၊ ကာကီ၊ ရှာဘတ်ခ်၊ တာ့ခ်မန်းနှင့်ရာဇီဒီးလူမျိုးများကို ဦးတည်တိုက်ခိုက်ခဲ့ပြီး မိုဆူးလ်မြို့မှ ခရစ်ယာန်များကို ထွက်ခွာပေးရန်နှင့်  သို့မဟုတ်ပါက ကွပ်မျက်ခံရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ရှာဘတ်လူမျိုးအနည်းဆုံး   ၁၆ဝ အသတ်ခံခဲ့ရပြီး    အချို့သူများမှာ ပိုင်ဆိုင်သမျှပစ္စည်းများကိုထားခဲ့ရကာ ၎င်းတို့ကိုသူဖုန်းစားဘဝသို့ ပြောင်းလဲစေခဲ့ကြောင်း အီရတ် အမတ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။                                                         

(ဘီဘီစီ)'

(ဘီဘီစီ)

No comments:

Post a Comment