Sunday, March 1, 2015

မက္ကဆီကိုနိုင်ငံ၏ အလိုအရှိဆုံးမူးယစ်ရာဇာ ဂိုမက်ဇ်အား သေနတ်တစ်ချက်မျှမဖောက်ရဘဲ ရဲအဖွဲ့က လက်ရဖမ်းဆီ

'မက္ကဆီကိုနိုင်ငံ၏ အလိုအရှိဆုံးမူးယစ်ရာဇာ ဂိုမက်ဇ်အား သေနတ်တစ်ချက်မျှမဖောက်ရဘဲ ရဲအဖွဲ့က လက်ရဖမ်းဆီ

မက္ကဆီကိုစီးတီး ဖေဖော်ဝါရီ  ၂၈

မက္ကဆီကိုရဲတပ်ဖွဲ့က  နိုင်ငံ၏အလိုအရှိဆုံး မူးယစ်ရာဇာဆာဗန်ဒို ''လာတူတာ''ဂိုမက်ဇ်အား  လက်ရဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

မစ္စတာဂိုမက်ဇ်သည်  နိုက်တမ်ပလာမူးယစ်မှောင်ခိုအဖွဲ့၏  ခေါင်းဆောင်ဖြစ်ပြီး   ၎င်းအားသေနတ် တစ်ချက်မျှမပစ်ဘဲ    မီချော်ကန်ပြည်နယ် မိုးလီယာ၌ ဖမ်းဆီးလိုက်သည်ဟုဆိုသည်။ 

၎င်းအား ဖမ်းဆီးနိုင်မှုနှင့်အတူ ဥပဒေအရ    ပြင်းထန်စွာအရေးယူ ရမည်ဖြစ်ကြောင်း  သမ္မတပီနာနီတိုးက     တွစ်တာဝက်ဘ်ဆိုက်၌ ရေးသားခဲ့သည်။

အဆိုပါဒေသ၌ လအတန်ကြာ စုံစမ်းစစ်ဆေးမှုများ   ပြုလုပ်ခဲ့ပြီးနောက် ၎င်းမူးယစ်ရာဇာအား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း   ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒေသမီဒီယာသို့ပြောသည်။

ရဲတပ်ဖွဲ့က  မစ္စတာဂိုမက်ဇ်နှင့်အတူ ၎င်း၏အစ်ကိုဖြစ်သူ ဖလာဗီယို   ဂိုမက်ဇ်အပါအဝင်   အပေါင်းအဖော်အချို့ကိုလည်း ဖမ်းဆီးလိုက်သည်။ မစ္စတာဂိုမက်ဇ်သည်    ယခင်ကကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး နောင်သောအခါ မက္ကဆီကိုနိုင်ငံ၏ မူးယစ်ရာဇာများတွင်   အာဏာအရှိဆုံးဖြစ်လာပြီး  မီချော်ကန်ဒေသကို ထိန်းချုပ်နိုင်ခဲ့သည်။   

(ဘီဘီစီ)'

(ဘီဘီစီ)

No comments:

Post a Comment