Monday, March 2, 2015

ကြည့်မြင်တိုင် ဘလုတ်ညွန့်မီးဘေးဒုက္ခသည်များအား အိမ်အသုံးအဆောင်ပစ္စည်းများ လှူဒါန်း




ရန်ကုန် မတ် ၁

ရန်ကုန်အနောက်ပိုင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့သည် ကြည့်မြင်တိုင် မြို့နယ်တစ်ဖက်ကမ်း ဘလုတ်ညွန့် ကျေးရွာ မီးလောင်ကျွမ်းခံရသော မီးဘေးဒုက္ခသည်များစခန်း၊ ခါတော်မှီ ဘုန်းကြီးကျောင်း၊ ယာယီမီးဘေး ကယ်ဆယ်ရေးစခန်းသို့ မတ် ၁ ရက် နံနက် ၁ဝ နာရီက အနောက်ပိုင်း ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်သန္တာရဲတင့်နှင့် ခရိုင်အတွင်းရှိ ၁၃ မြို့နယ်မှ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌတို့က အိမ်အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးသင့်အိမ်ခြေ ၁၆၇ လုံး၊ အိမ်ထောင်စု ၂ဝ၄ စု၊ လူဦးရေ ၈ဝ၉ ဦးတို့အတွက် အိမ်ထောင်စု တစ်စုလျှင် ခြင်ထောင် တစ်လုံး၊ စောင်၊ ခေါင်းအုံး၊ စတီးချိုင့်၊ ဒယ်အိုး၊ ဒန်အိုး၊ စတီး ပန်းကန်အစုံ၊ အဝတ်အစားတို့ကို ရန်ကုန် အနောက်ပိုင်းခရိုင် အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ဥက္ကဋ္ဌများက မီးလောင်ရာနေရာကို လိုက်လံကြည့်ရှုပြီး ပေးအပ်လှူဒါန်းခဲ့ရာ နံနက် ၁၁ နာရီတွင် လှူဒါန်းပွဲ အခမ်းအနားပြီးစီးခဲ့ကြောင်း သိရသည်။
(ရွှေတိုင်လွင်)

No comments:

Post a Comment