Tuesday, March 3, 2015

မန္တလေးတိုင်းဒေသကြီးအတွင်း ကြက်၊ ငှက်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်





မန္တလေး မတ် ၂

ကြက်၊ ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းဒေသ ကြီးနှင့်ထိစပ်နေသော မန္တလေး တိုင်းဒေသကြီးအတွင်း ရောဂါမဖြစ် ပွားစေရန်နှင့် လူသို့ကူးစက်မှုမရှိစေ ရေးတို့အတွက် တိုင်းဒေသကြီးမွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမှ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်နိုင်ရန် ခရိုင်နှင့် မြို့နယ်ရုံးများသို့ မတ် ၁ ရက်တွင် အကြောင်းကြားစာများ ပေးပို့ထားကြောင်း သိရသည်။
အဆိုပါ အကြောင်းကြားစာတွင် ပါဝင်သော စီမံဆောင်ရွက်မည့် လုပ်ငန်းများမှာ ကြက်၊ ငှက်တုပ်ကွေး ရောဂါကျရောက်တတ်သည့်အချိန် ကာလဖြစ်သဖြင့် လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန့် high risk area များဖြစ်သည့် wet market အရှင်ရောင်းဈေးများ၊ မွေးမြူ ရေး ကြက်၊ ငှက်ခြံများတွင်ကြိုတင် ကာကွယ်မှု (early prevention)ကြိုတင်သတိပေးမှုများ (early warning) ၊ ကြိုတင်ရောဂါစူးစမ်း ရှာဖွေမှုများ (early detection) ပြုလုပ်သွားရန် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ခရိုင် /မြို့နယ်များတွင် ကြက်၊ ဘဲအရှင်နှင့်ကြက်သား၊ ဘဲသား ရောင်းချသည့်ဈေးများတွင် ဈေးသိမ်းပြီး အချိန်၌ စားသုံးသူ ပြည်သူများအား အန္တရာယ် မဖြစ်ပွားစေနိုင်သည့် ပိုးသတ်ဆေးများ ပက်ဖျန်းဆေးကြောခြင်း အလေ့အကျင့်ပြုလုပ်ဆောင်ရွက်ရန် ကြက်၊ ဘဲ၊ ငုံးမွေးမြူရေး ခြံများတွင်မွေးမြူမည့်တိရစ္ဆာန်များအား အကုန်သွင်း၊ အကုန်ထုတ် သည့်(All in all out)စနစ်ကျင့်သုံး စေရန်နှင့် အသုတ်လိုက် မွေးမြူပြီး ချိန်တွင် မွေးမြူရေးခြံအားဆေးကြော သန့်ရှင်းပေးပြီး ပိုးသတ်ဆေးဖျန်းပေး ရန် အရေးကြီးကာလဖြစ်သဖြင့်မွေးမြူ ရေးခြံများအား မြို့နယ်အလိုက်အဖွဲ့ ဖွဲ့စည်းပြီးခြံ၊ ပိုးသတ်ဆေးဖျန်းပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်စေရန် နှင့် ခြံလုပ်သားများအား ရောဂါကာကွယ်မှုနည်းစနစ်များ အသိပညာ ပေးခြင်း၊ ဇီဝလုံခြုံမှုနှင့် ဇီဝအန္တရာယ် ကင်းရှင်းစေရန် နှိုးဆော်အသိပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားကြ ရန်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ ခရိုင်၊ မြို့နယ်များမှ မွေးမြူရေးခြံ များတွင် မျက်ခြည်မပြတ် ကြည့်ရှုစောင့်ကြပ်၍ သတင်းများရယူလျက်ထူးခြားဖြစ်စဉ်များ သတင်းပေးပို့ကြ ရန်ဖြစ်ပြီး အဆိုပါ လုပ်ငန်းများအား ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ လုပ်ငန်းနှင့် ဆက်သွယ်ဆောင်ရွက် နေသည့်အစိုးရဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်သွားကြမည်ဖြစ်သည်။
ကြိုတင်ဆောင်ရွက်မည့်လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ခရိုင်ဦးစီးမှူးဦးကျော်ဆွေက ''ဆောင်ရွက်ရမယ့် အစီအစဉ်တွေက ပညာပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ သတင်းထောက်လှမ်းခြင်းလုပ်ငန်းတွေ ဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ ကြက်ခြံ အများဆုံးရှိတဲ့ ပြင်ဦးလွင်နဲ့ မတ္တရာမြို့နယ်တွေကို အဓိက စောင့်ကြည့်စစ်ဆေးသွားမှာပါ။ မုံရွာ မှမန္တလေးအဝင်လမ်းဖြစ်တဲ့ စစ်ကိုင်း တံတားနဲ့ ရတနာသိင်္ခတံတားနှစ်ခုရဲ့ ဂိတ်မှာ စောင့်ကြည့်စစ်ဆေးဖို့ စီစဉ်နေပါတယ်။ အခုအချိန်ထိ တိုင်းဒေသကြီးအတွင်းမှာ ကြက်၊ငှက် တုပ်ကွေးဖြစ်ပွားမှုမရှိပါဘူး'' ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကြက်မွေးမြူရေးဇုန်အတွင်းရှိ ကြက်၊ ငုံး မွေးမြူရေးခြံများတွင် ဖေဖော်ဝါရီ ၁ဝ ရက်မှစ၍ ကြက်၊ ငုံး များ စတင်သေဆုံးခဲ့သောကြောင့်  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဓာတ်ခွဲခန်းများတွင် စစ်ဆေးခဲ့ရာ H5N1 ဗိုင်းရပ်စ်ပိုးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်တွင် ရောဂါဖြစ်ပွားမှုသတင်း ထုတ်ပြန်ချက်ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကြေညာခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment