Monday, March 2, 2015

အီဂျစ်ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ အချိန်ဇယားသစ်ရေးဆွဲရန် လုပ်ဆောင်




ကိုင်ရို မတ် ၁

အီဂျစ်ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲအတွက် အချိန်ဇယားသစ်ရေးဆွဲရန် ဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ရွေးကောက်ပွဲဥပဒေတွင် ပါဝင်သောဆန္ဒမဲပေးနိုင်သည့်ဒေသများမှာ အခြေခံဥပဒေနှင့် မညီညွတ်ဟုတရားရုံးက ဆုံးဖြတ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က မတ် ၁ ရက်တွင် ပြောကြားလိုက်သည်။
ရွေးကောက်ပွဲအတွက် အချိန်ဇယားအသစ်သတ်မှတ်ခြင်းသည် မဲပေးခြင်းကို နှောင့်နှေးစေပြီး ယင်းသည် တပ်မတော်ကသတ်မှတ်ထားသော နိုင်ငံရေးလမ်းပြမြေပုံ၏ နောက်ဆုံးအဆင့်ဖြစ်သည်။
လိုအပ်သောဥပဒေပြင်ဆင်ချက်များ ထုတ်ပြန်ပြီးလျှင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အချိန်ဇယားအသစ်အတွက်ပြင်ဆင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။
သမ္မတရုံးမှထုတ်ပြန်ချက်အရ ရွေးကောက်ပွဲများ စောလျင်စွာကျင်းပနိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုကို သမ္မတ အယ်လ်စီစီက လိုလားလျက်ရှိပြီး ၎င်းအချက်သည် အီဂျစ်လူမျိုးများအတွက် ပြီးပြည့်စုံသည့် နိုင်ငံရေးလမ်းပြမြေပုံဖြစ်ကြောင်း သိရသည်။
အီဂျစ်ပြည်သူ့လွှတ်တော်တွင် အမတ်နေရာ ပေါင်း ၅၆၇ နေရာရှိပြီး ၎င်းတို့အနက် ၄၂ဝ ကိုလွတ်လပ်စွာ ရွေးချယ်ပြီး ၁၂ဝ ကို လူကြိုက်အများဆုံးပုဂ္ဂိုလ်များအား ရွေးချယ်လေ့ရှိသည်။ ကျန်အမတ်နေရာများကို သမ္မတက ခန့်အပ်သည်။
ရိုက်တာ။

No comments:

Post a Comment