Monday, March 2, 2015

မော်စကိုမြို့တော်တွင် ဘော့ရစ်နမ်ဆော့ဗ်အမှတ်တရ လူထောင်ပေါင်းများစွာ စုပေါင်းချီတက်




 မော်စကို မတ် ၁

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ထင်ရှားသော ရုရှားအတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဘော့ရစ်နမ်ဆော့ဗ်ကို အောက်မေ့သတိရခြင်းအထိမ်းအမှတ် လမ်းလျှောက် ချီတက်ခြင်းကို မော်စကိုမြို့တော်တွင် ပြုလုပ်ခဲ့သည်။
နမ်ဆော့ဗ်သည် စစ်ဆန့်ကျင်ရေးနှင့် သမ္မတပူတင် ဆန့်ကျင်ရေး စုဝေးပွဲတစ်ခုကို မော်စကိုမြို့တော်တွင် ဦးဆောင်လှုပ်ရှားရန် စီစဉ်ထားသည်။ ယင်းအတွက်သူ့ကို အမှတ်တရ ဂုဏ်ပြုသည့်အနေဖြင့် လူ ၅ဝဝဝဝ ခန့်အထိ စုပေါင်းချီတက်ခဲ့ကြသည်။ နမ်ဆော့ဗ်သည် ရုရှားလူထု၏ အခွင့်အရေးအတွက် အမြဲတမ်းလှုံ့ဆော်စည်းရုံးခဲ့သူဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားသည်။
အဆိုပါလုပ်ကြံသတ်ဖြတ်မှုသည် လူငှားသတ်ခြင်း ဖြစ်ဖွယ်ရှိပြီး သွေးထိုးလှုံ့ဆော်သည့် လုပ်ရပ်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားသည်။ လူသတ်မှု စုံစမ်းစစ်ဆေးခြင်းကို ပူတင်ကိုယ်တိုင် ကြီးကြပ်မည်ဟု ကရင်မလင်နန်းတော်ကပြောကြားသည်။မစ္စတာ ပူတင်က နမ်ဆော့ဗ်၏ မိခင်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ပြီး ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်းနှင့် နမ်ဆော့ဗ်သေဆုံးရခြင်းသည် ထာဝရဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗွီအိုအေ။

No comments:

Post a Comment