Sunday, March 1, 2015

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၌ မီးလောင်မှုဖြစ်

'ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၌ မီးလောင်မှုဖြစ်
==============================

ရန်ကုန်        ဖေဖော်ဝါရီ         ၂၈

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အမှတ်(၁၁ဝ)ရပ်ကွက် တက္ကသိုလ်ရိပ်မွန် ကံ့ကော်လမ်းနေ ဦးထွန်းထွန်းဦး-ဒေါ်လွင်လွင်အောင်တို့၏ နေအိမ်တွင် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၃ နာရီခွဲက မီးလောင်မှုဖြစ်ပွားရာ အပေါ် ထပ်တစ်ခုလုံး မီးလောင်ပျက်စီးခဲ့ပြီး  ဒေါ်လွင်လွင်အောင်မှာ  မီးလောင်ဒဏ်ရာများရရှိသဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ အဆိုပါမီးလောင်မှုကို  မီးသတ်ယာဉ် ၁ဝ စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခန့်တွင် မီးငြိမ်းခဲ့ သည်။ ယင်းမီးလောင်မှုအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။                      

(၅၉၃)' 

(၅၉၃)

No comments:

Post a Comment