Sunday, March 1, 2015

ရုရှားအတိုက်အခံ ဒုတိယ၀န်ကြီးချုပ်ဟောင်း မော်စကို၌ သေနတ်သမားတစ်ဦးလက်ချက်ဖြင့် သေဆုံး

'ရုရှားအတိုက်အခံ ဒုတိယ၀န်ကြီးချုပ်ဟောင်း မော်စကို၌ သေနတ်သမားတစ်ဦးလက်ချက်ဖြင့် သေဆုံး

မော်စကို    ဖေဖော်ဝါရီ   ၂၈

ရုရှားအတိုက်အခံခေါင်းဆောင် ဒုတိယဝန်ကြီးချုပ်ဟောင်း ဘောရစ်နမ့်စော့(ဗ်)သည်    မော်စကိုမြို့၌  သေနတ်သမားတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း ရုရှားတာဝန် ရှိသူများကပြောသည်။  မစ္စတာ နမ့် စော့(ဗ်)သည် ကရင်မလင်ရင်ပြင်အနီးတံတားကို  မော်တော်ယာဉ်ဖြင့် ဖြတ်ကျော်စဉ်   အခြားကားတစ်စီးပေါ်မှ     သေနတ်သမားတစ်ဦးက   ပစ္စတိုသေနတ်ဖြင့်  နောက်ကျောဘက်ကို    လေးချက်ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

သူသည် ယူကရိန်းစစ်ပွဲကို ဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲကိုတနင်္ဂနွေနေ့တွင် ပြုလုပ်ရေး ထောက်ခံဆော်သြခဲ့ပြီး နာရီပိုင်းအကြာ ယင်းကဲ့သို့ သေနတ်သမားတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က  အဆိုပါလူသတ်မှုကို   ရှုတ်ချကြောင်း  သတင်းထုတ်ပြန်ပြီး လူသတ်မှုကိုအမြန်ဆုံး   စစ်ဆေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း   သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ  ဒီမီထရီပက်စကော့ဗ်ကပြောသည်။ 

အသက် ၅၅ နှစ်အရွယ် မစ္စတာနမ့်စော့(ဗ်)သည် ၁၉၉ဝ ပြည့်လွန် နှစ်က သမ္မတဘောရစ်ယဲ့လ်ဆင် လက်ထက်တွင်   ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယဲ့လ်ဆင်နေရာတွင် မစ္စတာပူတင်   ဆက်ခံခဲ့ပြီးနောက်   နမ့်စော့(ဗ်)သည် နိုင်ငံရေးအတိုက်အခံ    ဖြစ်လာခဲ့သည်။          

(ဘီဘီစီ)'

(ဘီဘီစီ)

No comments:

Post a Comment