ပြုံယမ်း မတ် ၂
အမေရိကန်-တောင်ကိုရီးယား နှစ်ပတ်လည်ပူးတွဲစစ်ရေးလေ့ကျင့် မှု
လုပ်ဆောင်နေချိန် မြောက်ကိုရီး ယားက တာတိုပစ်ဒုံးကျည်နှစ်စင်း
ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားအာဏာပိုင်များက ပြောသည်။
အကွာအဝေး ၃ဝ၅ မိုင်အထိ ပစ်ခတ်နိုင်သော အဆိုပါဒုံးကျည် နှစ်စင်းကို နမ်ပိုမြို့အနောက်ပိုင်းမှ ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်း ပင်လယ်ထဲသို့ ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောသည်။
ထောင်ပေါင်းများစွာသော တပ် ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေခြင်းက မြောက်ကိုရီးယားကို ဒေါသထွက်စေ ကြောင်း ဆိုသည်။ တောင်ကိုရီးယား နှင့်အမေရိကန်တို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် ကာကွယ်ရေး အတွက် အဓိကဖြစ်သည်ဟုဆိုသော် လည်း မြောက်ကိုရီးယားက ကျူးကျော်ရန် အစမ်းပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
Key Resolve ဟု အမည်ပေး ထားသော ကွန်ပျူတာအသုံးချစစ်ရေး လေ့ကျင့်မှုကို ၁၂ ရက်ကြာပြုလုပ် ပြီး ကြည်း၊ ရေ၊ လေတပ်ဖွဲ့ဝင် များပါဝင်သည့် Foal Eagle စစ်ရေး လေ့ကျင့်မှုကို ရှစ်ပတ်ကြာပြုလုပ် သွားမည်ဟု ဆိုသည်။
မြောက်ကိုရီးယား ဒုံးကျည် များကို တနင်္လာနေ့ အစောပိုင်းက ပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယား စစ်ဘက်မှ ပြောကြားသည်။
မြောက်ကိုရီးယားမှ ရန်စ ပစ်ခတ်လျှင် လက်တုံ့ပြန်ရန် အသင့်ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်မင် ဆောက်က ပြောသည်။ (ဘီဘီစီ)

No comments:
Post a Comment