Tuesday, March 3, 2015

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ လမ်းအဆင့်မြှင့်တင်မှုလုပ်ငန်းများကြည့်ရှု






 နေပြည်တော် မတ် ၂


ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ မတ် ၁ ရက် နံနက်ပိုင်းတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ODA LOAN ဖြင့် ဆောင်ရွက်ခဲ့သည့် မကျီးကန်-ငှက်အော်စမ်း-ကျိုက်ထော်လမ်း မိုင်တိုင် ၁ မိုင် ၆ ဒသမ ၅ ဖာလုံမှ ၁၅ မိုင် သုည ဒသမ ၆ ဖာလုံအား ရွှေတောင် ကုမ္ပဏီက လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကော့မှူး-ဝါးဘလောက် သောက်-သရက်တောလမ်း အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို မြတ်နိုးသူကုမ္ပဏီက စက်ယန္တရားများဖြင့် ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် တွံတေး-မအူပင်-ဆားမလောက်လမ်း ပြုပြင်ထိန်းသိမ်း ထားရှိမှု၊ ညောင်တုန်း- ကြိမ်ပင်ဆည်-စက္ကော့-ဓနုဖြူ-ဇလွန်လမ်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ကွန်ကရစ်လမ်းအား အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီရေး၊ ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် ညောင်တုန်း-ကြိမ်ပင်ဆည်-စက္ကော့-ဓနုဖြူ-ဇလွန်လမ်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများကို အထူးအဖွဲ့၊ ခရိုင်အဖွဲ့နှင့် ကုမ္ပဏီတို့အနေဖြင့် လမ်းချောမွေ့စွာ သွားလာနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment