Sunday, March 1, 2015

စိတ်ကြွရူးသွပ်ဆေးပြား ၃၀၈၀ ဖမ်းမိ



 

နေပြည်တော် ဖေဖော်ဝါရီ ၂၈
ဖေဖော်ဝါရီ ၂၅ ရက်က မြင်းခြံ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြင်းခြံ မြို့ အမှတ်(၁၃) ရပ်ကွက်၊ သတိပဋ္ဌာန် လမ်းရှိ ''ဒေါ်စော'' အသုပ်ဆိုင်သို့ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာ သူ မစုစုခိုင်အား ရှာဖွေရာ ၄င်းစီးနင်း လာသည့် ဆိုင်ကယ်တူးဘောက် အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်လျက် စိတ်ကြွရူးသွပ် ဆေးပြား ၃ဝဝဝ နှင့် ၄င်းနေထိုင်ရာ အမှတ် (၁၇) ရပ်ကွက်၊ နယ်မြေ (၂) ရှိ နေအိမ်အိပ်ခန်း ကြမ်းခင်းအံဝှက် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈ဝထပ်မံ သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေး ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ဆယ်ယူပေးသူ မြင်းခြံမြို့ အမှတ်(၃)ရပ်ကွက်၊ နယ်မြေ(၈)နေ ကွင်းဆက်တရားခံ လင်းအောင်ထွန်း၏နေအိမ်ကို သွား ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးသုံး ပစ္စည်းကိရိယာများအား သိမ်းဆည်း ရမိသဖြင့် မစုစုခိုင် (၃၇ နှစ်) နှင့် လင်းအောင်ထွန်း (၃ဝနှစ်) တို့နှစ်ဦး ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။ ကိုရဲ

No comments:

Post a Comment