Sunday, March 1, 2015

ရှပ်အင်္ကျီစပွန်ဆာမှ တစ်နှစ်ပေါင် သန်း ၄၀ ရမယ့် ချယ်လ်ဆီး

'ရှပ်အင်္ကျီစပွန်ဆာမှ တစ်နှစ်ပေါင် သန်း ၄၀ ရမယ့် ချယ်လ်ဆီး
=====================

အင်္ဂလိပ်  ဘောလုံးလောကရဲ့ ဒုတိယအကြီးဆုံး ရှပ်အင်္ကျီစပွန်ဆာ စာချုပ်ကို   ချယ်လ်ဆီးအသင်းက ချုပ်ဆိုနိုင်ခဲ့ပါတယ်။  ချယ်လ်ဆီး အသင်းဟာ  ဒီစာချုပ်ကို ဂျပန်ကား တာယာထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု နဲ့ ချုပ်ဆိုလိုက်တာပါ။   ဒီစာချုပ် အတွက် ချယ်လ်ဆီးက  တစ်နှစ်ကို ပေါင်သန်း ၄ဝ ရရှိမှာဖြစ်ပါတယ်။ ယိုကိုဟားမားရော်ဘာ  ကုမ္ပဏီက ၂ဝဝ၆ ခုနှစ်က ဆမ်ဆောင်းနဲ့ တစ်နှစ်ပေါင် ၁၈ သန်းပေးချုပ်ဆို တဲ့ စာချုပ်ကို ကျော်ဖြတ်ပြီး တစ်နှစ် ပေါင်သန်း ၄ဝ နဲ့ ငါးနှစ်စာချုပ်လိုက် တာဖြစ်ပါတယ်။  မန်ယူက အမေ ရိကန်  ကားထုတ်လုပ်ရေးကုမ္ပဏီ ရှယ်ဗရိုလက်နဲ့ တစ်နှစ်ပေါင် သန်း  ၅ဝ နဲ့ အများဆုံး ချုပ်ဆိုထားပြီး ခုနစ် နှစ်စာချုပ်ထားပါတယ်။ ချယ်လ်ဆီး အသင်းဟာ ပရီမီယာလိဂ်မှာ အမှတ် ပေးဇယား   ထိပ်ဆုံးရောက်နေတဲ့ အပြင် ချန်ပီယံလိဂ် ၁၆ သင်း ပြိုင်ပွဲ မှာလည်း  နောက်တစ်ဆင့်တက်ဖို့ အလားအလာကောင်းနေပါတယ်။ အနောက်လန်ဒန်ကလပ် ချယ်လ်ဆီး အသင်းဟာ ကမ္ဘာမှာ လူသိအများဆုံး အသင်းတစ်သင်းဖြစ်ပြီး  ပရိသတ် အင်အား သန်း ၅ဝဝ  ရှိတယ်လို့ ဆို ပါတယ်။  ပြီးခဲ့တဲ့ နှစ်ထဲမှာ ချယ်လ် ဆီးအသင်းနဲ့ကစားခဲ့တဲ့ပွဲကို စောင့် ကြည့်တဲ့နာရီပေါင်း  ၃၁ဝဝဝ  ရှိ တယ်လို့ ဆိုပါတယ်။ အဲဒီစာချုပ်ဟာ ချယ်လ်ဆီးအတွက်ရော ယိုကိုဟား မားအတွက်ပါ   အကျိုးရှိမှာဖြစ် ပါတယ်။ ယိုကိုဟားမားကုမ္ပဏီဟာ နိုင်ငံပေါင်း ၁၂ဝ ကျော်မှာ ကားတာ ယာထုတ်လုပ်မှု၊   ရောင်းချမှုနဲ့ ဝန်ဆောင်မှုပေးနေတဲ့ ကမ္ဘာကျော် စီးပွားရေး လုပ်ငန်းကြီးဖြစ်ပြီး အလုပ် သမား ၂ဝဝဝဝ  ကျော်ရှိတယ်လို့  ဆိုပါတယ်။
ကောင်းမြတ်သူ'

ကောင်းမြတ်သူ

No comments:

Post a Comment