Sunday, March 1, 2015

မျိုးဆက်သစ်လက်ဝှေ့စိန်ခေါ်ပွဲများ ယှဉ်ပြိုင်

'မျိုးဆက်သစ်လက်ဝှေ့စိန်ခေါ်ပွဲများ ယှဉ်ပြိုင်
=====================

ရန်ကုန် ဖေဖော်ဝါရီ ၂၈

အားကစားဝန်ကြီးဌာန မြန်မာ နိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး ကျင်းပသော မြန်မာ့ရိုးရာလက်ဝှေ့ မျိုးဆက်သစ်   ယှဉ်ပြိုင်ထိုးသတ်ပွဲ များကို ဖေဖော်ဝါရီ ၂၇ ရက် ည ၈ နာရီက ရန်ကုန်မြို့သိမ်ဖြူအားကစား ခန်းမ၌ ကျင်းပသည်။

သုံးချီစိန်ခေါ်ပွဲများတွင် ရှိုင်း ထက်အောင် (အဖြူရောင်သွေးသစ်)နှင့် စွမ်းသတ္တိ (စွမ်းကေကေ) ၊ သား ကျားလေး(ရွှေကျားမင်း)နှင့် ကိုကို မောင်(မုဒုံသား)၊  ကျားဘဟိန်း (အလင်းရောင်)နှင့် မင်းထွဋ်(S.T.L)၊  ကျော်ဝင်းအောင် (T&T)နှင့် မင်းနိုင်ထွန်း   (စွမ်းကေကေ)တို့ အလူးအလဲ သူတစ်ပြန်ကိုယ်တစ်ပြန် ထိမိကာ အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲ သရေကျပြီး  အောင်မြင်သူ(ဝါဆို)နှင့်အောင်သမိန်  (မုဒုံသား)တို့ပွဲမှာ အောင်မြင်သူက  အောင်သမိန်ကို ပထမအချီ၌ လက်ရည်မမျှ ဒိုင်ပွဲရပ် ဖြင့်  အောင်မြင်သူ အနိုင်ရရှိသွား သည်။ တစ်ဖန်လေးချီစိန်ခေါ်ပွဲများ တွင် စိုးမင်းဦး(မုဒုံသား)က တတိယ အချီ၌      စောလယ်ဘွယ်ထူး (S.T.L)ကို  အလဲထိုး အနိုင်ရရှိပြီး စောဖြိုးဝေ (အဖြူရောင်သွေးသစ်)နှင့် မိုက်မိုက်(S.T.L)တို့ ပွဲမှာလည်း အချီပြည့် ခြေကန်ချက်၊   ပင့်ဝိုက် လက်သီးတွဲလုံးများ    သူတစ်ပြန် ကိုယ်တစ်ပြန်  ထိမိကြသော်လည်း အရှုံးအနိုင်မပေါ်ဘဲ  သရေဖြစ်ခဲ့ သည်။

''လက်ဝှေ့ကစားတာ  တစ်နှစ်ခွဲ   လောက်ပဲရှိပါတယ်။   ပထမဆုံး အကြိမ် ရန်ကုန်မှာ ယှဉ်ပြိုင်တာပါ။ ကယားနဲ့ကရင်ပြည်နယ်မှာ လေးချီ စိန်ခေါ်ပွဲထိုးတာပါ။  ဒီပွဲမှာသုံးချီ ပွဲဆိုတော့ ဆက်ထိုးနိုင်ပါတယ်''ဟု (T&T) ကလပ်မှ ကျော်ဝင်းအောင် က ပြောသည်။

''ဒီလိုပြိုင်ပွဲတွေ များများလုပ်စေ ချင်တယ်။ ဒါမှမျိုးဆက်သစ်လက်ဝှေ့ လူငယ်တွေ  ပေါ်ထွက်လာမှာဖြစ်ပါ တယ်။ အချိန်လည်းစောစောကျင်းပစေချင်တယ်''ဟု လာရောက်ကြည့်ရှုသူလက်ဝှေ့ဝါသနာရှင် ကိုကျော်ကျော် က ပြောသည်။

မျိုးဆက်သစ်    မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို  မတ်  ၆  ရက် ညနေ ၆ နာရီခွဲတွင်   ရန်ကုန်မြို့ သိမ်ဖြူအားကစားခန်းမ၌  ကျင်းပ သွားမည်ဖြစ်ကြောင်း       သိရ သည်။
တင်စိုး(မြန်မာ့အလင်း)'
 
တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment