Sunday, March 1, 2015

မြင်းခြံမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃ဝ၈ဝ သိမ်းဆည်းရမိ


'မြင်းခြံမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃ဝ၈ဝ  သိမ်းဆည်းရမိ
===================================

နေပြည်တော် ဖေဖော်ဝါရီ ၂၈

မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက်က မြင်းခြံမြို့ အမှတ်(၁၃)ရပ်ကွက် သတိပဋ္ဌာန် လမ်းရှိ ''ဒေါ်စော'' အသုပ်ဆိုင်သို့ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာသူ  မစုစုခိုင်အားရှာဖွေရာ ၎င်းစီးလာသည့် ဆိုင်ကယ်တူးဘောက် အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်လျက် စိတ်ကြွရူးသွပ် ဆေးပြား ၃ဝဝဝ နှင့်၎င်းနေထိုင်ရာ အမှတ်(၁၇)ရပ်ကွက် နယ်မြေ(၂)ရှိ နေအိမ်အိပ်ခန်း  ကြမ်းခင်းအံဝှက် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈ဝ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ် ဆေးဝါးများ သယ်ဆောင်ပေးသူ မြင်းခြံမြို့  အမှတ်(၃)ရပ်ကွက် နယ်မြေ(၈)နေ ကွင်းဆက်တရားခံ လင်းအောင်ထွန်း၏နေအိမ်ကို သွားရောက်ရှာဖွေရာ  မူးယစ်ဆေးဝါးသုံး ပစ္စည်းကိရိယာများအား သိမ်းဆည်းရမိသဖြင့် စုစုခိုင် (၃၇)နှစ်နှင့် လင်းအောင်ထွန်း (၃ဝ)နှစ်တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။      (ကြေးမုံ)'

နေပြည်တော် ဖေဖော်ဝါရီ ၂၈

မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက်က မြင်းခြံမြို့ အမှတ်(၁၃)ရပ်ကွက် သတိပဋ္ဌာန် လမ်းရှိ ''ဒေါ်စော'' အသုပ်ဆိုင်သို့ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာသူ မစုစုခိုင်အားရှာဖွေရာ ၎င်းစီးလာသည့် ဆိုင်ကယ်တူးဘောက် အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်လျက် စိတ်ကြွရူးသွပ် ဆေးပြား ၃ဝဝဝ နှင့်၎င်းနေထိုင်ရာ အမှတ်(၁၇)ရပ်ကွက် နယ်မြေ(၂)ရှိ နေအိမ်အိပ်ခန်း ကြမ်းခင်းအံဝှက် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈ဝ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ် ဆေးဝါးများ သယ်ဆောင်ပေးသူ မြင်းခြံမြို့ အမှတ်(၃)ရပ်ကွက် နယ်မြေ(၈)နေ ကွင်းဆက်တရားခံ လင်းအောင်ထွန်း၏နေအိမ်ကို သွားရောက်ရှာဖွေရာ မူးယစ်ဆေးဝါးသုံး ပစ္စည်းကိရိယာများအား သိမ်းဆည်းရမိသဖြင့် စုစုခိုင် (၃၇)နှစ်နှင့် လင်းအောင်ထွန်း (၃ဝ)နှစ်တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။ (ကြေးမုံ)

No comments:

Post a Comment