Sunday, March 1, 2015

လောက်ကိုင်မြို့တွင်းမှ မူးယစ်ဆေးဝါးများ ထပ်မံသိမ်းဆည်းရမိ

 'လောက်ကိုင်မြို့တွင်းမှ မူးယစ်ဆေးဝါးများ ထပ်မံသိမ်းဆည်းရမိ

နေပြည်တော်      ဖေဖော်ဝါရီ      ၂၈

လောက်ကိုင်မြို့တွင်း တပ်မတော်စစ်ကြောင်းများက လုံခြုံရေးဆောင်ရွက် စဉ် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် နားလီလမ်းဆုံနှင့် နတ်စင်ကုန်းအနီးရှိ မသင်္ကာဖွယ်      အဆောက်အအုံတစ်လုံးအား      ဝင်ရောက်ရှင်းလင်းခဲ့ရာ အဆောက်အအုံအတွင်းမှ ဆာလာအိတ်ဖြင့်ထုပ်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝ ပါ အထုပ် ၄ဝ၊  ၂ဝဝဝ ပါ ၂၉ ထုပ်၊ ၄ဝဝဝ ပါ ၁၅ ထုပ်၊ ၆ဝဝဝ ပါ ၁ဝ ထုပ် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၈၆ဝဝဝ (ကာလ တန်ဖိုးကျပ်သိန်း ၂၇၉ဝ ခန့်)အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိသည်။

အလားတူ  လောက်ကိုင်မြို့အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းက ယနေ့နံနက်ပိုင်းတွင် ရေသန့်စက်ရုံအနီး လျှိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅၄ဝဝ  (ကာလတန်ဖိုးကျပ် ၃၂၇ သိန်းခန့်)အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိသည်။

ထို့အတူ လောက်ကိုင်မြို့မြောက်ဘက်  မူကွာကျိုင်းအနီးတွင် ယနေ့ နံနက်ပိုင်း၌ နယ်မြေရှင်းလင်းလျက်ရှိသော တပ်မတော်စစ်ကြောင်းက မသင်္ကာဖွယ်ရာ အရပ်သားနှစ်ဦးအားတွေ့ရှိ၍ စစ်ဆေးခဲ့ရာ ဦးညီမာန် (၃၇)နှစ် (ဘ) ဦးလူခန်းနှင့် ဦးလျှောက်ကျောင်း (၄၃)နှစ် (ဘ)ဦးဝေချန်တို့ထံမှ WY စာတန်း ပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၃ဝဝ (ကာလတန်ဖိုးကျပ် ၁၃၉ သိန်းခန့်)အား သိမ်းဆည်းရမိခဲ့သည်။

အထက်ပါဖြစ်စဉ်များမှ သိမ်းဆည်းရမွျှိ့ စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား စုစုပေါင်း ၂၆ဝ၇ဝဝ  (ကာလတန်ဖိုးကျပ် ၃၂၅၆ သိန်းခန့်)နှင့် အတူ တရားခံနှစ်ဦးတို့အား  ဖမ်းဆီးရမိခဲ့သည်။  အဆိုပါ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအား မြန်မာနိုင်ငံမူးယစ်ဆေးဝါး ကာကွယ်တားဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့  စနစ်တကျအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

(မြဝတီ)'

(မြဝတီ)

No comments:

Post a Comment