ကိုင်ရို မတ် ၂၉
အာရပ်အဖွဲ့ချုပ်ဝင်နိုင်ငံများမှ တပ်ဖွဲ့များပါဝင်သည့် ပူးတွဲတပ်ဖွဲ့
တစ်ရပ်ထူထောင်ရေးအတွက် ၄င်း အဖွဲ့ဝင်အာရပ်နိုင်ငံများ၏ ခေါင်း ဆောင်များ
အစည်းအဝေးတွင် သဘောတူညီခဲ့ကြကြောင်း ယနေ့ ဘီဘီစီသတင်းတွင် ဖော်ပြသည်။
ယီမင်၊ အီရတ်၊ ဆီးရီးယားနှင့် လစ်ဗျားနိုင်ငံများတွင် ဂျီဟတ်ဝါဒီ များ၏ ခြိမ်းခြောက်မှုများကြောင့် အကျပ်အတည်းများ ဖြစ်ပေါ်နေစဉ် အတွင်း အာရပ်အဖွဲ့ချုပ်ဝင် နိုင်ငံ့ ခေါင်းဆောင်များ၏ အစည်းအဝေးကို အီဂျစ်နိုင်ငံ ရှန်အယ်လ်ရှိတ်မြို့၌ ကျင်းပခြင်းဖြစ်သည်။
သို့သော်လည်း ၄င်းပူးတွဲတပ်ဖွဲ့ ထူထောင်ရေးအတွက် ဖွဲ့စည်းမှုနှင့် လုပ်ပိုင်ခွင့်များ ရရေးအတွက် လအတန်ကြာ အချိန်ယူလုပ်ဆောင်ရ မည်ဖြစ်ကြောင်း ခွဲခြားစိတ်ဖြာ လေ့လာသူများက ပြောကြားသည်။
ဆော်ဒီအာရေဗျနိုင်ငံက ဦးဆောင် သော ၁ဝ နိုင်ငံပါ ညွန့်ပေါင်းတပ်ဖွဲ့ ဝင်များက ယီမင်နိုင်ငံမှ ဟူသီ လက်နက်ကိုင်အဖွဲ့အား လေကြောင်း စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။
ဟူသီ လက်နက်ကိုင်များနှင့် တိုက်ခိုက်ရာ၌ စစ်ရေးအရအရေးနိမ့် နေသည့် ယီမင်သမ္မတ အဗ္ဗဒရာက မန်ဆောဟာဒီအား အထောက်အကူ ပေးသည့် အနေဖြင့် ယင်းသို့ လေကြောင်းမှ စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
ဘီဘီစီ။

No comments:
Post a Comment