တူနစ် မတ် ၂၉
တူနစ်မြို့တွင် လူထောင်ပေါင်းများစွာက အကြမ်းဖက်မှုဆန့်ကျင်ရေး အတွက် ဆန္ဒထုတ်ဖော်ပြီး ဘာဒိုပြတိုက်သို့ ချီတက်သွားခဲ့ကြကြောင်း ယနေ့ ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဘာဒိုပြတိုက်အကြမ်းဖက်မှုတွင် နိုင်ငံခြား သား ၂၁ ဦးနှင့် တူနီးရှားနိုင်ငံသားတစ်ဦး သေဆုံးခဲ့ရသည်။
တူနီးရှားအာဏာပိုင်များက ဘာဒိုပြတိုက်အကြမ်းဖက်မှုနှင့် ပတ်သက် ပြီး ဖမ်းဆီးထားသော သံသယရှိသူများအနက် တစ်ဦးကို သတ်ဖြတ်လိုက်ပြီဖြစ် ကြောင်း ပြောကြားခဲ့ပြီးနောက် ဆန္ဒထုတ်ဖော်မှုများ စတင်ခဲ့ခြင်းဖြစ်သည်။
'တူနစ်မှာ အကြမ်းဖက်သမားတွေအတွက် နေရာမရှိ'ဟု ဆန္ဒထုတ်ဖော်သူ များက သံပြိုင်ဟစ်ကြွေးခဲ့ကြသည်။ ယခုသတ်ဖြတ်လိုက်သော အကြမ်းဖက် ခေါင်းဆောင်သည် တူနီးရှားနိုင်ငံအတွက် အန္တရာယ်ရှိသည့် စစ်သွေးကြွ တစ်ဦးဖြစ်ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကဆိုသည်။
မတ် ၁၈ ရက်တွင် အကြမ်းဖက်သေနတ်သမားများက ဘာဒိုပြတိုက်ကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗြိတိန်၊ ဂျပန်၊ ပြင်သစ်၊ အီတလီနှင့်ကိုလံဘီယာ နိုင်ငံသားများလည်း သေဆုံးခဲ့ရသည်။
ဘီဘီစီ

No comments:
Post a Comment