အာဂျင်တီးနားကြယ်ပွင့် ကစား သမား ဒီမာရီယာသည် ပြီးခဲ့သည့် ဘောလုံးရာသီတွင်
ရီးယဲလ်မက်ဒရစ် အသင်းအတွက် အကောင်းဆုံးပုံစံ ဖြင့်
ကစားပေးနိုင်ခဲ့သော်လည်း နွေရာသီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်က၎င်းအား
မန်ချက်စတာ ယူနိုက်တက်အသင်းသို့ ရောင်းချပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို
အစားထိုးဝယ်ယူခဲ့သည်။
ဒီမာရီယာသည်
ရီးယဲလ်မက်ဒရစ် အသင်း ၁ဝ ကြိမ်မြောက် ချန်ပီယံ လိဂ်ဖလား ဆွတ်ခူးခဲ့ရာတွင်
အဓိက ခြေစွမ်းပြသပေးခဲ့ပြီးနောက် မန်ချက် စတာယူနိုက်တက်အသင်းသို့ ဗြိတိန်
စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၈၁ ဒသမ ၈ သန်းဖြင့်ပြောင်းရွှေ့သွား
ခဲ့သည်။သို့သော် ဗန်ဟားလ်လက် ထက် မန်ယူတွင် ၎င်း၏ အကောင်း ဆုံးပုံစံကို
ရရှိရန် ရုန်းကန်နေရဆဲဖြစ် သည်။
ထို့ကြောင့် ဘာစီလိုနာ လက် ထောက် အားကစားဒါရိုက်တာ ကား လက်စ်ရီဆာ့ခ်ျက ဒီမာရီယာ ထွက်ခွာခဲ့ခြင်း၏ နောက်ကွယ်မှ အဓိကအကြောင်းရင်း တစ်ရပ်မှာ ရီးယဲလ်မက်ဒရစ်၏ ကုန်အမှတ် တံဆိပ်နှင့်ပုံရိပ်လွှာ ဦးစားပေးမူဝါဒ ကြောင့်ဖြစ်သည်ဟု ယုံကြည်နေသည်။
¤င်းက ''ရီးယဲလ် ဥက္ကဋ္ဌ ပီရက်ဇ်က ကမ္ဘာ့ဈေးကွက်ကိုသာ အာရုံစိုက်ကြည့်ရှုသူ ဖြစ်တာဆိုတော့ သူ့အသင်းကို ပုံရိပ်ကောင်း ကြယ် ပွင့် ကစားသမားတွေနဲ့ပဲ ဖွဲ့စည်းဖို့ ဆန္ဒရှိတဲ့သူဖြစ်ပါတယ်။ ကျွန်တော် ဘာကို ဆိုလိုတယ်ဆိုတာ ခင်ဗျားတို့ နားလည်မှာပါ။ ခရစ္စယာနိုရိုနယ်ဒို ဆိုရင် ရီးယဲလ်ရဲ့ အမှတ်တံဆိပ်ဖြစ် နေပြီး ပီးရက်ဇ်က နိုင်ငံတကာတံဆိပ် တစ်ခုလိုပဲ သူ့ကို သဘောထားနေ တာပါ။ ဘက်စကွက်နှင့်ဒီမာရီယာက ရီးယဲလ်အတွက်ဆို ရုပ်ဆိုးလွန်းတဲ့ကစားသမားတွေပေါ့။ ဒါကြောင့် တိုနီခရူးစ်နှင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘူး''ဟု ပြော ကြားခဲ့သည်။
(မေလဲ့သင်း)

No comments:
Post a Comment