Wednesday, March 4, 2015

ချယ်လ်ဆီးအသင်းနှင့် စာချုပ်သစ်ချုပ်ရန် တယ်ရီ မျှော်လင့်





ပရီမီယာလိဂ်ကလပ် ချယ်လ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီ၏ လက်ရှိစာချုပ်သက်တမ်းသည် နှစ် အနည်းငယ်သာ ကျန်ရှိတော့ခြင်းကြောင့် စာချုပ်သစ်ထပ်တိုးချုပ်ဆို ရန် မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီသည် စပါးအသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ ကက်ပီတယ်ဝမ်းဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် ပွဲစဉ်တွင် ချယ်လ်ဆီးအသင်း အတွက် ပထမဆုံးသော ဦးဆောင်ဂိုး ကို သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး ၎င်း အား အခြားကလပ်အသင်းများသို့ သွားရောက်ကစားရန် ဆန္ဒရှိ၊ မရှိနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် အခြားကလပ်အသင်းများသို့ သွားကစားရန် ဆန္ဒမရှိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သည်။
''လာမယ့်နှစ် ချယ်လ်ဆီးမှာ ကစား ရဖို့ဆိုတဲ့ မျှော်လင့်ချက်ကတော့ စိုးစဉ်းမျှပဲ ကျန်ပါတော့တယ်။ တကယ်လို့ ကစားရဦးမယ်ဆိုရင် တောင် နှစ်နှစ် ဒါမှမဟုတ် သုံးနှစ် လောက်ပဲဖြစ်မှာပါ။ အသက်(၃ဝ) ကျော်ကစားသမားတွေထဲက ဘယ် ကစားသမားမဆို စာချုပ်သက်တမ်း တစ်နှစ်လောက်ပဲ ထပ်တိုးချုပ်ဆိုတာဟာ ချယ်လ်ဆီးအသင်းရဲ့ မူဝါဒတစ်ခု ပဲဖြစ်ပါတယ်''ဟု အသက်(၃၄)နှစ် အရွယ်ရှိ ချဲလ်ဆီးအသင်းခေါင်း ဆောင် ဂျွန်တယ်ရီက ပြောကြားခဲ့သည်။
သို့ရာတွင် နောက်ခံကစားသမား တယ်ရီသည် ပြီးခဲ့သည့်ဘောလုံးရာသီ က ရာသီကုန်ဆုံးပြီးလျှင်ပြီးချင်း ၄၈ နာရီအတွင်း စာချုပ်သစ်ချုပ်ဆိုခဲ့သည်။ ထို့ကြောင့် လက်ရှိတွင်လည်း စာချုပ် သစ်ချုပ်ဆိုရန် မျှော်လင့်ထားကြောင်း တယ်ရီကဆိုသည်။
(ငွေကြယ်)

No comments:

Post a Comment