ရန်ကုန် မတ် ၃
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်
ယုဇနဥယျာဉ်မြို့တော် (၉၄)ရပ်ကွက်၌ အနှေးယာဉ်
ဆိုက်ကားတစ်စီးလာရောက်ရောင်းချသူအားစစ်ဆေးရာမှ
ခိုးမှုပေါ်ပေါက်ခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၃ ရက် နံနက် ၉ နာရီက ယုဇန ဥယျာဉ်မြို့တော် (၉၄)ရပ်ကွက်
(၁၅)လမ်း-အေ တိုက် (၁၂)နေ မြို့နယ်အနှေးယာဉ်ဂိတ်မှူး ဦးရဲ(ခ)ဦးမျိုးမင်း
ထံသို့ သင်္ဃန်းကျွန်းမြို့နယ်နေ ဦးတင်ဝင်းဆိုသူက
အနှေးယာဉ်ဆိုက်ကားတစ်စီးလာရောက် ရောင်းချသဖြင့် မသင်္ကာ၍ (၁၄)လမ်း-အေ
အနှေးယာဉ်ဂိတ်သို့ ခေါ်ယူ စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရခိုးယူလာခြင်းဖြစ်ကြောင်း သိရသဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မရဲစခန်းသို့အကြောင်းကြားရာ မြို့မရဲစခန်းက (ပ/၁၃၃) ပုဒ်မ ၃၈ဝ/၅၄ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (၅၁၂)
စစ်ဆေးချက်အရခိုးယူလာခြင်းဖြစ်ကြောင်း သိရသဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မရဲစခန်းသို့အကြောင်းကြားရာ မြို့မရဲစခန်းက (ပ/၁၃၃) ပုဒ်မ ၃၈ဝ/၅၄ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (၅၁၂)
No comments:
Post a Comment