ချယ်လ်ဆီးနှင့် တော့တင်ဟမ် ဟော့စပါးအသင်းတို့ မတ် ၁ ရက် ညပိုင်းက
ဝင်ဘလေကွင်း၌ ကက်ပီ တယ်ဝမ်းဖလား ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြရာ
ချယ်လ်ဆီးက နှစ်ဂိုးပြတ်ဖြင့်နိုင်ပြီး ချယ်လ်ဆီး အသင်းသို့
ဒုတိယအကြိမ်ပြန်လာ သည့် မော်ရင်ဟိုအတွက်
ပထမဆုံးဖလားအဖြစ်ဆွတ်ခူးပေးနိုင်ခဲ့သည်။ ဂျွန်တယ်ရီနှင့်
ဒီယေဂိုကော်စတာတို့ က အဓိကခြေစွမ်းပြကစားခဲ့ပြီး အနိုင် ဂိုး
တစ်ဂိုးကိုဂျွန်တယ်ရီက ပွဲချိန် ၄၅ မိနစ်တွင် သွင်းယူပေးနိုင်ခဲ့သည်။ အခြား
အနိုင်ဂိုးတစ်ဂိုးကိုတော့ ဝေါ ကာက
ပွဲချိန် ၅၆ မိနစ်တွင် ကိုယ့်ဂိုး ကိုယ်ပြန်သွင်းမိပြီး ဂိုးရခဲ့သည်။ ယင်း
အနိုင်ပွဲကြောင့် စပါးအသင်းသည် လွန်ခဲ့သည့်ခုနှစ်က ချယ်လ်ဆီးကို
အနိုင်ယူပြီး ဖလားယူခဲ့ခြင်းကို ပြန် လည်
တစ်ဖန်အနိုင်ယူနိုင်ခဲ့ခြင်းမရှိ ခဲ့ပေ။
မော်ရင်ဟိုအနေဖြင့် ၂ဝ၁၂ ခုနှစ်က ရီးရဲမက်ဒရစ်အသင်းနှင့်အတူ လာလီဂါ ဖလား
ဆွတ်ခူးခဲ့ပြီးနောက် ပထမဆုံး ဆွတ်ခူးနိုင်ခဲ့သည့် ဖလားလည်းဖြစ် သည်။
ချယ်လ်ဆီးအသင်းအနေဖြင့် အမ်စတာဒမ်တွင် ဘင်ဖီကာအသင်းကို နိုင်ပြီး
ယူရိုပါလိဂ်ဖလားအထိ ဆွတ်ခူးနိုင်ပြီးနောက် ပထမဆုံးဆွတ်ခူးနိုင်
သည့်ဖလားဖြစ်သည်။ နည်းပြသက်တမ်းတစ်လျှောက် ဆုဖလားများ ရယူခဲ့ သော်လည်း
ယခုဆွတ်ခူးခဲ့သည့်ဖလားသည် မော်ရင်ဟိုက သူ့အတွက် အရေး အကြီးဆုံးအချိန်တွင်
ဆွတ်ခူးနိုင်ခဲ့သည့် ဖလားဖြစ်သည်ဟု ၎င်းကဆို သည်။
အာကာကျော်
အာကာကျော်
No comments:
Post a Comment