Monday, March 2, 2015

ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ.နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား အာဟာရနှင့် စာရေးကိရိယာများထောက်ပံ့






 မြစ်ကြီးနား မတ် ၁

ကချင်ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့က တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား အာဟာရနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁ဝ နာရီခွဲက နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမှတ်(၂) နယ်စပ်ဒေသ တိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းအစည်းအဝေးခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်နုက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကို ဆုံးမသြဝါဒစကား ပြောကြားသည်။ ပေးအပ်ပွဲတွင် ဥက္ကဋ္ဌ ဒေါ်မြတ်နုနှင့် တာဝန်ရှိသူများက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား ၁၂ ဦး၊ ကျောင်းသူ ၃ဝ စုစုပေါင်း ၄၂ ဦးတို့ အတွက် ခဲတံ ၈၄ ချောင်း၊ ခဲဖျက် ၄၂ ခု၊ ဘောပင် ၂၅၂ ချောင်း၊ ပေတံ ၄၂ ချောင်း၊ ကွေကာအုပ် ၂၅၂ ထုပ်တို့အား ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသီအောင်နှင့် ကျောင်းသား ကျောင်းသူများထံ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့ပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၅၇ ဦး၊ အင်ဂျန်းယန်မြို့နယ်မှ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းသို့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် ရောက်ရှိနေသော ကျောင်းသား ကျောင်းသူ ၁၈ ဦး၊ တာလောကြီးကျေးရွာ အထက်တန်းကျောင်းမှ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်သို့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် ရောက်ရှိနေသော ကျောင်းသား ကျောင်းသူ ၇၇ ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၉၄ ဦးအတွက် စာရေးကိရိယာနှင့် အာဟာရ အသုံးအဆောင်ပစ္စည်း (စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၁ဝ သိန်း)တို့အား သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်းသိရသည်။ အဆိုပါ သွားရောက် ထောက်ပံ့ပေးအပ်ရာ၌ ကချင်ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မြတ်နု၊ အတွင်းရေးမှူး ဒေါ်ခေါင်ထွယ်နှင့် ပြည်နယ်/ခရိုင်/ မြို့ အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးမင်းမင်း(မြစ်ကြီးနား)

No comments:

Post a Comment