Monday, March 2, 2015

အသင်းကြီးတွေစိတ်ဝင်စားနေတဲ့ ခီဒီယာ

'အသင်းကြီးတွေစိတ်ဝင်စားနေတဲ့  ခီဒီယာ
==================

ရီးရဲမက်ဒရစ်  ကွင်းလယ်ကစား သမား ခီဒီယာကို ရှော်လ်ကေးက ခေါ်ယူစာချုပ်ဖို့     ကြိုးစားရတယ် လို့  ဝန်ခံပြောကြားလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိတဲ့ ခီဒီယာနဲ့ ဘာနေဗျူးတို့ရဲ့  လက်ရှိစာချုပ်ဟာ သုံးလပဲကျန်ပါတော့တယ်။ နွေရာသီ ကာလမှာအသင်းကြီးတွေက အလွတ် ခေါ်ယူဖို့   အပြိုင်ကြိုးစားနေကြပါ တယ်။   ပရီမီယာလိဂ်ထိပ်သီး ကလပ် တွေဖြစ်တဲ့  မန်ယူ၊ အာဆင်နယ်နဲ့ လီဗာပူးတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင် စားနေကြပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်က ရီးရဲမက်ဒရစ်ကို  ရောက်ရှိလာခဲ့ပြီး အသင်းအတွက် အဓိကအားထားရတဲ့ ကစားသမားတစ်ဦး  ဖြစ်ခဲ့ပါတယ်။ သူဟာ စတုဂတ်နာမည်ကြီး  ကစား သမားလည်းဖြစ်ခဲ့ပါတယ်။ ရီးရဲမက် ဒရစ်သို့ မရောက်မီ  စတုဂတ်မှာ ကစားခဲ့တာဖြစ်ပါတယ်။ ဂျာမန်ဘွန် ဒက်စ်လီဂါအသင်းကြီးဖြစ်တဲ့ ရှော်လ် ကေးက   ကွင်းလယ်ကစားသမား ခီဒီယာကို အရခေါ်ယူဖို့ ကြိုးစားနေ တယ်လို့ နည်းပြ ဒီမတ်တီယိုက ထုတ် ဖော်ပြောကြားခဲ့ပါတယ်။ သို့ပေမယ့် ပရီမီယာလိဂ်  ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ယူ၊ အာဆင်နယ်၊ လီဗာပူး တို့နှင့်   အပြိုင်ခေါ်ယူရမယ့် အနေ အထားရှိပါတယ်။
ကောင်းမြတ်သူ'

ကောင်းမြတ်သူ

No comments:

Post a Comment