Monday, March 2, 2015

တိုက်ရိုက်အနီကတ်ပြဿနာအရှုပ်တော်ပုံဖြစ်ပွားခဲ့ခြင်းကြောင့်





ဘရောင်းနှင့် အိုရှီးယားနှစ်ဦးစလုံး ပွဲပယ်ပြစ်ဒဏ်မှလွတ်မြောက်နိုင်
ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းက ပရီမီယာလိဂ်ပွဲစဉ်(၂၇)ဖြစ် ယှဉ်ပြိုင် ကစားခဲ့သည့် မန်ယူအသင်းနှင့် ဆန်း ဒါးလန်းအသင်းတို့၏ ပွဲစဉ်တွင် ကွင်းလယ်ဒိုင် ရော်ဂျာအိက ဝက်စ်ဘရောင်းအား ပွဲကစားချိန် ၆၄ မိနစ် တွင် တိုက်ရိုက်အနီကတ်ဖြင့် မှားယွင်းထုတ်ပယ်ခဲ့ရာ အဆိုပါတိုက်ရိုက် အနီကတ်ပြဿနာ အရှုပ်တော်ပုံ ဖြစ်ခဲ့ခြင်းကြောင့် ဖယ်လ်ကာအိုအား ကြမ်းတမ်းစွာကစားခဲ့သည့် အိုရှီး ယားနှင့် မှားယွင်းစွာထုတ်ပယ်ခံခဲ့ရသည့် ဝက်စ်ဘရောင်းတို့ နှစ်ဦးစလုံး ပွဲပယ်ပြစ်ဒဏ်မှ လွတ်မြောက်သွား နိုင်ပြီး မတ် ၃ ရက်တွင် ဟားစီးတီး အသင်းနှင့် ဆန်းဒါးလန်းအသင်းတို့ ယှဉ်ပြိုင်ကစားမည့် တန်းဆင်းဇုန် ပြိုင်ပွဲတွင် ပါဝင်လာနိုင်ကြောင်း သိရသည်။
မန်ယူအသင်းက ဆန်းဒါးလန်း အသင်းအား တိုက်စစ်မှူး ရွန်းနီ၏ သွင်းဂိုးနှစ်ဂိုးဖြင့် နှစ်ဂိုးပြတ်အနိုင်ရရှိ ခဲ့သည့် အဆိုပါပွဲစဉ်တွင် မန်ယူ တိုက်စစ်မှူး ဖယ်ကာအိုအား ကြမ်းတမ်းစွာကစားခဲ့သည့် ဆန်းဒါးလန်း နောက်ခံလူ အိုရှီးယားအား ထုတ်ပယ်ရမည့်အစား ကွင်းလယ်ဒိုင်ရော်ဂျာအိ က ဝက်စ်ဘရောင်းကို တိုက်ရိုက်အနီ ကတ်ဖြင့် ထုတ်ခဲ့ပြီးနောက် မန်ယူ အသင်းကို ပင်နယ်တီကန်ခွင့်ပေး ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဆန်းဒါးလန်းအသင်းက ကွင်းလယ်ဒိုင်ရော်ဂျာအိ၏ ဝက်စ် ဘရောင်းအား မှားယွင်းစွာထုတ်ပယ် ခဲ့မှုနှင့်စပ်လျဉ်း၍ အင်္ဂလန်ဘောလုံး အဖွဲ့(အက်ဖ်အေ)သို့ အယူခံဝင်သွား မည်ဖြစ်ပြီး အက်ဖ်အေအနေဖြင့် ဝက်စ်ဘရောင်းမှာ ဖယ်လ်ကာအိုအား ကြမ်းတမ်းစွာကစားခဲ့သူ မဟုတ်ကြောင်း သဘောတူညီခဲ့ပါက တိုက်ရိုက်အနီကတ်ပြခံခဲ့ရသူ ဝက်စ်ဘရောင်းသည် ပွဲပယ်ပြစ်ဒဏ်ကျခံရလိမ့်မည်မဟုတ်ကြောင်း သိရသည်။
သို့ရာတွင် ကွင်းလယ်ဒိုင် ရော်ဂျာအိကမူ ဆန်းဒါးလန်းနောက်ခံလူ ဝက်စ်ဘရောင်းအား တိုက်ရိုက် အနီကတ်ပြခဲ့ခြင်းမှာ မှန်ကန်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် ဆန်းဒါးလန်းအသင်းနည်းပြ ပိုယက် အနေဖြင့် အက်ဖ်အေသို့ အယူခံ ဝင်သင့်မဝင်သင့် မဆုံးဖြတ်မီ ကွင်းလယ်ဒိုင်ရော်ဂျာအိ၏ တုံ့ပြန် လာသောစကားသံကို စောင့်စားဦးမည်ဖြစ်ပြီး အဆိုပါ တိုက်ရိုက်အနီကတ်နှင့် ပတ်သက်၍ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)က မတ် ၂ ရက်တွင် စည်းမျဉ်းစည်းကမ်း များအရ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ငွေကြယ်)

No comments:

Post a Comment