Monday, March 2, 2015

ရမည်းသင်းမြို့ သီလရှင်ကျောင်းတိုက်၌ မီးလောင်မှုဖြစ်ပွား






ရမည်းသင်း မတ် ၁




မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ ကျောင်းတိုက်စုရပ်ကွက် လေသာတိုက် စန္ဒရတနာသီလရှင် စာသင်တိုက်တွင် ဖေဖော်ဝါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်က ဖယောင်းတိုင် မီးကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ပေ ၄ဝ x ၆ဝ အုတ်ညှပ် သွပ်မိုးနှစ်ထပ်ကျောင်းဆောင်အပေါ်ထပ်တွင် ဝေယျာဝစ္စ လုပ်ကိုင်သူ ကျော်စိုးနိုင်(ခ)ကုလား (၃၇)နှစ် ရမည်းသင်းမြို့ ရွှေပြည်သာရပ်ကွက်နေသူက ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ထားရာမှ မီးလောင်ကျွမ်း ခြင်းဖြစ်ရာ ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦး ဦးစီးသည့်တပ်ဖွဲ့ဝင် ၂၉ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၅ဝ၊ ရေသယ်ယာဉ် ခြောက်စီး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်တစ်စီး၊ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ် နှစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် ပြည်သူများနှင့် လေသာစာသင်ဝိုင်းမှ ကျောင်းသား ကျောင်းသူများက ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့် မီးလုံးဝ ငြိမ်းသွားသည်။
သို့ဖြစ်၍ မီးပေါ့ဆစွာသုံးစွဲသူ ကျော်စိုးနိုင်(ခ)ကုလားအား ဖမ်းဆီးစစ်ဆေးအရေးယူထားရှိကြောင်း သိရသည်။
(ညွန့်ရွှေ)

No comments:

Post a Comment