Monday, March 30, 2015

ဒက္ခိဏသီရိဈေးတွင် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်

'ဒက္ခိဏသီရိဈေးတွင် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်
========================================

နေပြည်တော် မတ် ၂၉

နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိဈေးတွင် ဈေးမှတစ်ဆင့် မီးလောင်မှုမဖြစ် ပွားစေရန်နှင့် ဈေးသူဈေးသားများ မီးငြှိမ်းသတ်မှု တတ်မြောက်စေရန် ရည်ရွယ်၍ မီးငြှိမ်းသတ်ခြင်း လက် တွေ့သရုပ်ပြမှုကို မတ် ၂၆ ရက် နံနက် ၁ဝ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးဘေးကြိုတင်ကာကွယ် ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးဌေးဝင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဒုလက်ထောက်အင်ဂျင်နီ ယာဦးသူရိန်မင်း၊  မြို့မရဲစခန်းမှူး ဒုရဲမှူးစိုးဝင်းတို့မှ ဈေးဆိုင်ခန်းများ လျှပ်စစ်စနစ်တကျသုံးစွဲမှုနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုတို့အား စစ်ဆေးရာ ဈေးတာဝန်ခံ ဦးမောင်မောင်လွင်က ရှင်းလင်းတင်ပြခဲ့သည်။ 

ထို့နောက် မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်သရုပ်ပြမှု၊ မီးသတ်ဆေးဘူးဖြင့်  မီးငြှိမ်းသတ်သရုပ်ပြမှုတို့  ပြုလုပ်ခဲ့ရာ ဈေးသူ၊ ဈေးသားများ ကိုယ်တိုင် ပါဝင်၍ လက်တွေ့ သရုပ်ပြသခဲ့ကြောင်း သိရသည်။      
  
ကိုကိုရူပ'

ကိုကိုရူပ

No comments:

Post a Comment