Tuesday, March 31, 2015

မန်ယူတွင်သာ ပျော်ရွှင်သည်ဟု စမောလင်းဆို




'မန်ယူတွင်သာ ပျော်ရွှင်သည်ဟု စမောလင်းဆို
==============================

မန်ယူနောက်တန်း ကစားသမား ခရစ်စမောလင်းက ကလပ်အသင်းတွင်  လက်ရှိနေထိုင်ရသောကာလများအပေါ် အမှန်တကယ် ကျေနပ်ပျော်ရွှင်နေပြီး လက်ရှိချုပ်ဆိုထားသော စာချုပ်သက်တမ်း  ကုန်ဆုံးသည်အထိ မန်ယူတွင်သာ ရှိနေမည်ဟု ဆိုခဲ့သည်။ အသက် (၂၅) နှစ် အရွယ်ရှိ  စမောလင်း၏ စာချုပ်သက်တမ်းမှာ လာမည့်ဘောလုံးရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ် တစ်ရပ်ထပ်မံချုပ်ဆိုရန်  မန်ယူက ပြင်ဆင်နေသည်။

စမောလင်းသည် မန်ယူ၏ နောက်ပိုင်းပွဲစဉ်များတွင် အင်္ဂလန်ကစား ဖော်ဖီးလ်ဂျုံးစ်နှင့် အတွဲညီညီ အကောင်းဆုံးပုံစံဖြင့် ကစားနိုင်ခဲ့ပြီး  စပါးနှင့် လီဗာပူးတို့အား အနိုင်ရသည့်  ပွဲစဉ်များတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့သည်။  

မန်ယူ၏ စာချုပ်သက်တမ်းတိုးရေး ကိစ္စနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ စမောလင်းက ''အခုထိ ဘယ်သူနဲ့မှ တိတိကျကျ ဆွေးနွေးထားတာမျိုး မရှိသေးပါဘူး။ နည်းပြက ကျွန်တော့်အပေါ် ယုံကြည်မှုပေးတဲ့အတွက် မန်ယူမှာ အခုနေထိုင်ရတဲ့ကာလတွေက တကယ့်ကို ကျေနပ်စရာပါပဲ။ အခုဆို မန်ယူအတွက် နောက်ထပ် ရှစ်ပွဲကစားဖို့ ကျန်နေသေးတဲ့အချိန် မှာ ရလဒ်ပိုင်း အကောင်းဆုံးဖြစ်နေစေဖို့  လူအင်အား အကောင်းဆုံး ရှိနေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အသင်း အကောင်းဆုံးကစားနိုင်ပြီး ကျွန်တော်ကိုယ်တိုင်လည်း အမှားအယွင်းမရှိ ကစားနိုင်တဲ့အချိန်တွေက အပျော်ဆုံးအချိန်တွေပါပဲ''ဟု ဆိုသည်။     မေလဲ့သင်း'

မန်ယူနောက်တန်း ကစားသမား ခရစ်စမောလင်းက ကလပ်အသင်းတွင် လက်ရှိနေထိုင်ရသောကာလများအပေါ် အမှန်တကယ် ကျေနပ်ပျော်ရွှင်နေပြီး လက်ရှိချုပ်ဆိုထားသော စာချုပ်သက်တမ်း ကုန်ဆုံးသည်အထိ မန်ယူတွင်သာ ရှိနေမည်ဟု ဆိုခဲ့သည်။ အသက် (၂၅) နှစ် အရွယ်ရှိ စမောလင်း၏ စာချုပ်သက်တမ်းမှာ လာမည့်ဘောလုံးရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ် တစ်ရပ်ထပ်မံချုပ်ဆိုရန် မန်ယူက ပြင်ဆင်နေသည်။

စမောလင်းသည် မန်ယူ၏ နောက်ပိုင်းပွဲစဉ်များတွင် အင်္ဂလန်ကစား ဖော်ဖီးလ်ဂျုံးစ်နှင့် အတွဲညီညီ အကောင်းဆုံးပုံစံဖြင့် ကစားနိုင်ခဲ့ပြီး စပါးနှင့် လီဗာပူးတို့အား အနိုင်ရသည့် ပွဲစဉ်များတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့သည်။

မန်ယူ၏ စာချုပ်သက်တမ်းတိုးရေး ကိစ္စနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ စမောလင်းက ''အခုထိ ဘယ်သူနဲ့မှ တိတိကျကျ ဆွေးနွေးထားတာမျိုး မရှိသေးပါဘူး။ နည်းပြက ကျွန်တော့်အပေါ် ယုံကြည်မှုပေးတဲ့အတွက် မန်ယူမှာ အခုနေထိုင်ရတဲ့ကာလတွေက တကယ့်ကို ကျေနပ်စရာပါပဲ။ အခုဆို မန်ယူအတွက် နောက်ထပ် ရှစ်ပွဲကစားဖို့ ကျန်နေသေးတဲ့အချိန် မှာ ရလဒ်ပိုင်း အကောင်းဆုံးဖြစ်နေစေဖို့ လူအင်အား အကောင်းဆုံး ရှိနေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အသင်း အကောင်းဆုံးကစားနိုင်ပြီး ကျွန်တော်ကိုယ်တိုင်လည်း အမှားအယွင်းမရှိ ကစားနိုင်တဲ့အချိန်တွေက အပျော်ဆုံးအချိန်တွေပါပဲ''ဟု ဆိုသည်။ မေလဲ့သင်း

No comments:

Post a Comment